သင်ဟာ Content Writer တစ်ယောက်လား??Content Calendar ဆွဲတတ်ပြီလား??

 



Content ရေးသူတစ်ယောက်အတွက် Content Calendar က အလွန်အရေးကြီးပါတယ်။ 
ကိုယ့်ရဲ့ Page မှာ Content တွေကို တင်ချင်တိုင်းတင်ထားမယ်ဆိုရင် တစ်ယောက်ယောက်က ဝင်ကြည့်လိုက်တဲ့အခါမှာ သူလိုချင်တဲ့ အချက်အလက်မရဖြစ်သွားတတ်ပါတယ်။ အဲ့လိုအခါမျိုးကြရင် ကိုယ့် page မှာကို ဘယ်သူမှ ဝင်ကြည့်ချင်တော့မှာမဟုတ်ပါဘူး။ 🤦‍♀️

ဘယ်လို Online Platform မျိုးမှာမဆို Content Calendar တစ်ခုကတော့ ရှိကိုရှိသင့်ပါတယ်။  Content Calendar ဆွဲထားခြင်းဟာဆိုရင် ကိုယ့်ရဲ့ website မှာပဲဖြစ်ဖြစ်၊ page တွေမှာပဲဖြစ်ဖြစ် Post ​တွေကို စနစ်တကျ ဖြစ်စေပါတယ်။✅

ဒါကြောင့်မလို့ Content Writer လုပ်မယ်ဆိုရင် Content Calendar ကတော့ ဆွဲတတ်ဖို့ လိုပါတယ်။ 
Content Calendar ဘယ်လိုဆွဲမလဲ၊ ဘာတွေထည့်ရမလဲဆိုတာကိုသိချင်ရင်တော့ ဆက်ဖတ်ကြည့်လိုက်တော့နော်။ 👇

📍အရိုးရှင်းဆုံး ဒီဇိုင်း(design) ကို ဖန်တီးပါ။ 🗓️
Content Calendar စဆွဲတော့မယ်ဆိုရင် ပထမဆုံးနဲ့ အရေးကြီးဆုံးဖြစ်တဲ့ အချက်ပါ။ "Simplicity is the best"ဆိုတဲ့အတိုင်း ကိုယ့် Content Calendar ကို မြင်ရလွယ်ကူစေမယ့် ဒီဇိုင်းမျိုးဖန်တီးပါ။ ဒါမှသာ ကိုယ်နဲ့ အတူတူတွဲလုပ်မယ့် သူတွေပါ နားလည်စေမှာပါ။

📍Post တွေကို ကဏ္ဍ ခွဲပါ။📝
ကိုယ့် page မှာ တင်မယ့် post တွေကို Promotion post,Knowledge post,Education post, Review, Quiz, Video, Live Streaming ,Boost post အစရှိဖြင့် ကဏ္ဍလေးတွေခွဲထားပါ။ 

📍Post တင်မယ့်ရက်တွေ၊ အချိန်တွေကို သေချာသတ်မှတ်ပါ။⏰
Promotional post ကတော့ ဘယ်နေ့၊ Knowledge post ကတော့ဘယ်နေ့ဆိုပြီး သေချာ သတ်မှတ်ထားပါ။ Post တင်မယ့် အချိန်ကိုလဲ တစ်သမတ်ထဲ ထားပါ။ နေ့တိုင်း ညနေ ၄ နာရီတင်မယ်ဆိုရင် အဲ့အချိန်မှာပဲ သတ်သတ်မှတ်မှတ်တင်ပါ။

📍အထင်ကရနေ့တွေကို သတိရပါ။📅
လတစ်လရဲ့ အထင်ကရနေ့လေးတွေကိုလဲ ကြိုဆိုပေးဖို့မမေ့ပါနဲ့။ 
ဥပမာ-နိုဝင်ဘာလမှာဆိုရင် တန်ဆောင်မုန်းလပြည့်နေ့ရှိတယ်ဆို အဲ့ဒီ့နေ့နဲ့ ပတ်သတ်တဲ့အကြောင်းလေးတွေတင်ပါ။

📍Content တွေကို ရက်ဆက်တိုက်မတင်ပါနဲ့။🙅‍♀️
ကိုယ်က engagement ပိုရအောင်ဆိုပြီး နေ့တိုင်း post တွေချည်းပဲ တင်တာမျိုးမလုပ်ပါနဲ့။ တစ်ရက်ခြား တစ်ခါလောက် တင်ပေးရင် လုံလောက်ပါတယ်။

📍Q&A Section လေးတွေ ထည့်သွင်းပေးပါ။
စာဖတ်ပရိသတ်တွေနဲ့ ကိုယ့် page နဲ့ကြားမှာ engagement ပိုကောင်းစေဖို့အတွက် ပဟေဋ္ဌိလေးတွေ ရံဖန်ရံခါ ပြုလုပ်ပေးပါ။ 

📍Review post လေးတွေလဲ တင်ပေးပါ။🤗
Review တွေဟာဆိုရင် ကိုယ်နဲ့ Audience ကြားက ယုံကြည်မှုကို တည်ဆောက်တဲ့အရာပါပဲ။ ဒါကြောင့်မို့ တစ်လ တစ်ခါလောက် Review လေးတွေကို စုပြီးတင်ပေးဖို့ Calendar ထဲမှာ ထည့်ဖို့မမေ့ပါနဲ့။

📍Post တွေမထပ်ပါစေနဲ့။📑
ကိုယ့်ရဲ့ page မှာ engagement မြန်မြန်နဲ့ များများရအောင်ဆိုပြီး promotion post တွေပဲ ထပ်ခါထပ်ခါတင်မယ်ဆိုတာမျိုးကိုမလုပ်ပါနဲ့။ Audience တွေက များသောအားဖြင့် ဗဟုသုတ၊ ရသ ပေးတဲ့စာတွေကို ပိုနှစ်သက်ကျပါတယ်။ ဒါကြောင့်မို့ Post တွေမထပ်အောင် အလှည့်ကျလေးတွေ တင်ပေးပါ။

📍အရောင်လေးတွေနဲ့ ခွဲထားပါ။🖍️🖌️
ကိုယ့်ရဲ့ Content Calendar မှာ မတူညီတဲ့ Post တွေအတွက် အရောင်လေးတွေနဲ့ ဖော်ပြထားပါ။ ဥပမာ Knowledge post ကို အပြာရောင်လေးနဲ့ လုပ်ထားမယ်ဆို Promotion post ကျရင် အစိမ်းရောင်လေးနဲ့ထားပါ။ အရောင်လေးတွေ ခွဲထားပေးခြင်းအားဖြင့် မြင်သာ ထင်သာ ရှိစေပါတယ်။

📍Boost post တွေကို သတ်မှတ်ပါ။📈
ကိုယ့်ရဲ့ page ကို လူသတိထားမိစေလာအောင် post တွေကို boost ပေးဖို့လိုပါတယ်။ ဒါပေမယ့် တင်သမျှ post တိုင်းကို boost လုပ်ဖို့မလိုပါဘူး။ ပရိသတ်တွေစီကို ပေါက်ပေါက်ရောက်ရောက်ရှိမယ့် Post မျိုးကို သေချာရွေးပြီး boost လုပ်ဖို့သတ်မှတ်ပါ။
ဥပမာ- Review post, Promotional post

နောက်ဆုံးအနေ Content Calendar ကို Canva အသုံးပြုပြီးလွယ်လွယ်ကူကူ တည်ဆောက်လို့ရသလို တခြား Tool တွေနဲ့လဲပြုလုပ်လို့ရပါတယ်။ Google Sheet,Microsoft Excel, Google Calendar အစရှိတာတွေနဲ့လဲ ပြုလုပ်နိုင်ပါတယ်။🤗

ဒီလောက်ဆိုရင် Content Calendar ဘယ်လိုဆွဲရမလဲဆိုတာ သိသွားလောက်ပြီလို့ထင်ပါတယ်။ ဒါဆို Content Calendar ဆွဲကြည့်ပြီး ဒီ post အောက်လေးမှာ ကိုယ်ဆွဲထားတာလေးကို လာပြပေးကြဦးနော် 🤗🤗

Written By,
Grace




Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱