အားလုံးလည်း Covidကြောင့် အရင်ကလို အပြင်တွေ ထွက်လို့မရ အလုပ်တွေ ထွက်မလုပ်ရလို့ စိတ်ညစ်နေကြပြီမလား။😢
ခုနောက်ပိုင်းကာလမှာ အိမ်ကနေပြီး လုပ်လို့ရတဲ့ အလုပ် (၇)ခုနဲ့ ကမ္ဘာတစ်ဝှမ်းမှာ ဘယ်အလုပ်တွေက ဝင်ငွေအကောင်းဆုံးလဲဆိုတာကို Beatrix ကနေ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 😇
1. Web Developer💻
Web Developer က 2020 Work from Home Jobs ထဲမှာ ဝင်ငွေအမြင့်ဆုံးပါတဲ့နော်။ 😮
Average Annual Salary - $ 59,343( တစ်လကို သိန်း ၇၀နီးပါး)
ဘာတွေလုပ်ရတာလဲ?
သူက Website တွေကို တည်ဆောက်ရတယ်၊ customerတွေရဲ့ အကြိုက်၊ companyတွေရဲ့ အကြိုက် ဒီဇိုင်းတွေ ဆွဲပေးရတယ်။
Siteတစ်ခုကို errorမတက်အောင် traffic မဖြစ်အောင် လုပ်ပေးရတယ်။ update အမြဲတင်ပေးရတယ်။ 💫
တစ်ခါတလေကျရင် Marketing team, Project Manager, Designerတွေနဲ့ တွဲပြီးတောင် projectsတွေ ရေးဆွဲပေးရတယ်။
2. Social Media Manager🧚♀️
Annual Average Salary- $ 50,661( တစ်လ သိန်း ၆၀နီးပါး)
သူကရော ဘာတွေလုပ်ရလဲ?
social mediaဆိုတဲ့အတိုင်း facebook, twitter, instagram, tik tokစတဲ့ platformတွေကို အသုံးပြုပြီး customerတွေရဲ့ စိတ်ဝင်စားမှုရအောင်လုပ်ရတယ်။ 🖇️
Brandကို ပိုပြီး တည်တံ့နိုင်အောင် Marketing Campaigns တည်ဆောက်ရတယ်။
Reporting toolတွေ သုံးပြီး brandရဲ့ အောင်မြင်မှုတွေကို တိုင်းတာရတယ်။ Customers Engagement ဘယ်လောက်ရှိနေပြီလဲဆိုတာ အမြဲ စစ်ဆေးနေရတယ်။ 🎯
3. Graphic Designer🎨
Average Annual Salary - $ 45,060( တစ်လ သိန်း ၅၀ကျော်)
ခုလို dugital marketing ခေတ်မှာဆိုရင် Graphic designer ကအရမ်းနေရာရလာတဲ့ အလုပ်တစ်ခုဖြစ်လာပါပြီ။
Logos, Custom ပုံတွေ၊ Landing Pageတွေ ဖန်တီးပေးရတယ်။ 🔯
Visual Concepts နဲ့ customersကို inform, persuade, captivateလုပ်ပေးရတယ်။
Magazines, Reports, Advertisements, Brochuresအတွက် production designတွေလည်း ထုတ်ပေးရသေးတယ်။
4. Content Writer🤓
Average Annual Salary - $ 45,377( တစ်လ သိန်း၅၀ကျော်)
အခုချိန်မှာ popularဖြစ်နေတဲ့ Content Writer ကလည်း ဝင်ငွေအရဆုံး jobsထဲမှာ နံပါတ်၄နေရာ လိုက်ပါတယ်နော်။😊
စာဖတ်သူတွေ သိတဲ့အတိုင်း Orginizationတစ်ခုအတွက် Pageတစ်ခုအတွက် Contentတွေ ဖန်တီးပေးရတယ်။
Content တစ်ခုဟာ ပစ္စည်းရောင်းရခြင်း မရောင်းရခြင်းအပေါ်မှာ 100% မှီခိုနေတာပါ။ ဒါကြောင့် Catchy and Nicheဖြစ်အောင် ရေးသားပေးဖို့ တာဝန် အမြဲရှိပါတယ်။
Good Writing Skills နှင့် Research Skill of Industryအရမ်း လိုအပ်ပါတယ်နော်။ ❗
5. Translator🔁
Average Annual Salary- $48,976( တစ်လ သိန်း၅၀ကျော်)
Stellaတို့ နိုင်ငံမှာဆို movie subtitleထိုးတာ myanmar to english, japan, korean...., english to myanmar, japan, korean...စသဖြင့် ဘာသာပြန်တဲ့အလုပ်ဟာ တွင်တွင်ကျယ်ကျယ်ရှိပါတယ်။
သူရဲ့ တာဝန်တွေကရော ဘာလဲ?
ဘာသာစကား တစ်ခုနှင့် တစ်ခုကြား အချိတ်အဆက်မိအောင် မူရင်း အဓိပ္ပာယ် အရသာ မပြောင်းသွားရအောင် ဘာသာပြန်ဆိုရတဲ့ အလုပ်ဖြစ်ပါတယ်။ 🔑
ကိုယ်ပြန်တဲ့ ဘာသာနှစ်ခုစလုံးမှာ ကျွမ်းကျင်နေဖို့ လိုပါတယ်။🧐🧐🧐
6. Bookkeeper
Average Annual Salary- $42,940(တစ်လ သိန်း ၅၀)
Responsibility
Business ရဲ့ ဝင်ငွေ၊ ကုန်ကျစရိတ်တွေနှင့် အခြား ငွေရေးကြေးရေး ဘဏ္ဍရေး ကိစ္စတွေ ကိုင်တွယ်ရပါတယ်။
နှစ်စဥ် ဘယ်လောက် တိုးတက်လဲ ဆိုတာ recordထားရတယ်။ analyzeပြီး တစ်နှစ်နဲ့တစ်နှစ် နှိုင်းယှဥ်ရတယ်။
customerတွေရဲ့ payroll systemကို စီစဥ်ရတယ်။ ဒီAccကို ပိုက်ဆံ ကိစ္စနှင့် ပတ်သက်ပြီး ယုံကြည်သင့်လား မယုံကြည်သင့်လားဆိုတာပါ ဆုံးဖြတ်ရပါတယ်။
Accounting, Financeနှင့် Certificateရထားတဲ့သူတွေဆိုရင် လွယ်ကူမှာပါ။သူက Accountantနှင့် နည်းနည်းတူတယ်။🔓
7. Online Tutor👩🏫
Average Annual Salary- $ 36,842( တစ်လ သိန်း၄၀ကျော်)
Guideလုပ်ဖူးတဲ့သူတွေ teacher assistantအနေနဲ့ လုပ်ဖူးတဲ့သူတွေအတွက် စိမ်းမယ် မထင်ပါဘူး။
အခုဆိုရင် Online Learningကို အဓိက ထားသုံးနေရတဲ့ အတွက်ကြောင့် ပိုက်ဆံအများကြီး ရတယ်ဆိုတာ မထူးဆန်းလောက်ပါဘူး။
Facebook, Youtubeကနေ ကိုယ်ပိုင် languageသင်တန်း အခြားသောသင်တန်းတွေကနေတစ်ဆင့် ပညာလိုအပ်နေတဲ့ သူတွေကို သင်ကြားခြင်း ဖြစ်ပါတယ်။
Work from homeဖြစ်တဲ့အတွက် အပေါ်က အလုပ်အားလုံးဟာ Full time or Part time နှစ်မျိုးစလုံး လုပ်လို့ရပါတယ်။
ဒါကြောင့် Stellaဖော်ပြခဲ့တဲ့အတိုင်း ကျွမ်းကျင်ပြီးသားသူတွေကလည်း အခုချိန်မှာ professionalကျကျလုပ်နိုင်ပြီး / မသိသေး မတတ်သေးတဲ့သူတွေကလည်း အပေါ်ကအလုပ်တွေမှာ လိုအပ်တဲ့ Skillတွေကို covidအတွင်း productiveဖြစ်အောင် သင်ယူရင်း ဝင်ငွေတွေ အများကြီးဝင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Stay Healthy & Have Happy Days.💕
Written by
# StellaPyae
Ref: https://www.betterteam.com/best-work-from-home-jobs-in-2020
Comments
Post a Comment