LinkedIn for Job Hunter
ခုဆိုရင် Linkedln က လူတိုင်းနဲ့ ရင်းနှီးနေပြီဖြစ်တဲ့ Social Platform ဖြစ်နေပါပြီa။ 🙆♀️
နိုင်ငံတကာမှာဆိုရင် Linkedln ကို လုပ်ငန်းအတွက် တွင်တွင်ကျယ်ကျယ်အသုံးပြုပြီး မြန်မာနိုင်ငံမှာလဲ LinkedIn အသုံးပြုသူတွေ တဖြည်းဖြည်းများပြားလာပြီပဲဖြစ်ပါတယ်။
LinkedIn ဟာ Entertaining platform ဆိုတာထက်ပိုပြီး professional ကျတဲ့ social networking လုပ်တဲ့ နေရာပဲဖြစ်ပါတယ်။ 👨💼👩💼
Facebook မှာက သူငယ်ချင်းတွေ၊ဆွေမျိုးမိတ်ဆွေတွေနဲ့ ဆက်သွယ်ဖို့ အဓိကထားအသုံးပြုကြတာဖြစ်ပြီး LinkedIn ကိုတော့ ကိုယ့်ရဲ့ လုပ်ငန်းအချိတ်အဆက်အတွက် ပိုပြီးအသုံးပြုတာပဲဖြစ်ပါတယ်။👥
LinkedIn မှာဆိုရင် အလုပ်ရှာဖွေဖို့အတွက် အခွင့်အရေးတွေ အများကြီးရှာလို့ရပါတယ်။ ကိုယ့်ရဲ့ professional career life ကို LinkedIn မှာ တည်ဆောက်လို့ရပြီးတော့ နယ်ပယ်အသီးသီးမှာရှိတဲ့ professional တွေရဲ့ လုပ်ဆောင်ချက်တွေကိုလဲ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။ 👨⚖️👨🔧
ဒီတော့ Linkedln ရဲ့ အကြီးမားဆုံးအကျိုးကျေးဇူးကဘာဖြစ်မလဲ?
📍အလုပ်အကိုင်အခွင့်အလမ်း များပြားခြင်း
LinkedIn ဟာဆိုရင် အလုပ်အကိုင်ရှာဖွေဖို့အတွက် အကောင်းဆုံး platform တစ်ခုပဲဖြစ်ပါတယ်။ အလုပ်ပေါ်များပြီး အကျယ်ပြန့်ဆုံးနေရာလို့လဲ ပြောလို့ရပါတယ်။ ကိုယ် အလုပ်လျှောက်ချင်တဲ့ ကုမ္ပဏီအကြောင်းတွေကို LinkedIn မှာ အသေးစိတ် လွယ်လွယ်ကူကူ လေ့လာနိုင်တဲ့အတွက်ကြောင့် အလုပ်လျှောက်ဖို့ပြင်ဆင်ရာမှာ များစွာ အထောက်အကူပေးနိုင်ပါတယ်။
ကိုယ့်အတွက်အထောက်အကူ အများကြီးဖြစ်အောင် Linkedin ကို ဘယ်လိုမျိုး အသုံးပြုကြမလဲ?
📍ကိုယ့် Profile ကို အမြဲ update လုပ်ပါ။
အလုပ်ခေါ်တဲ့သူတွေဟာဆိုရင် များသောအားဖြင့် LinkedIn ကနေတစ်ဆင့် သင့်တော်မယ့်သူကို ရှာဖွေတတ်ကြပါတယ်။ ဒါကြောင့်မလို့ ကိုယ်က LinkedIn မှာ အမြဲ active ဖြစ်နေဖို့လိုအပ်ပါတယ်။ ကိုယ့်ရဲ့ လတ်တလော လုပ်ဆောင်ချက်တွေကို အမြဲ up to date တင်ပေးပါ။ ကိုယ့်ရဲ့ profile ကို သေချာပြင်ဆင်ထားခြင်းက အလုပ်ရှင်တွေရဲ့ Impression ကို ရယူနိုင်ပါတယ်။ 🤗
📍Group တွေကို ဝင်ရောက်ပါေ။
LinkedIn မှာ Group တွေရှိပါတယ်။ Job Search Group, Alumini group, Company Group စသဖြင့် group ပေါင်းများစွာရှိပါတယ်။ Group တွေကနေတစ်ဆင့် သင့်ကို အချိတ်အဆက်တွေ၊ အလုပ်ခေါ်စာတွေရရှိစေနိုင်ပြီး ကိုယ်လုပ်နေတဲ့ industry မှာ ဘာတွေ trend ဖြစ်နေလဲ ဘာအသစ်အဆန်းတွေ ပေါ်ပေါက်နေလဲဆိုတာတွေကို လေ့လာ သိရှိနိုင်မှာပဲဖြစ်ပါတယ်။ 💁♀️
📍ကိုယ်ရဲ့ လူမှုကွန်ယက်ကို ချဲ့ပါ။
အလုပ်ရှာဖွေနေတဲ့သူတစ်ယောက်အတွက် အချိတ်အဆက်တွေရှိဖို့ကလဲ လိုအပ်ပါတယ်။ LinkedIn မှာ ကိုယ်က အချိတ်အဆက် ကောင်းကောင်းတစ်ခုကို ဖန်တီးနိုင်ပြီဆိုရင်တော့ အဆက်အသွယ်ပိုရလာပြီး ကိုယ့်အတွက် လုပ်ငန်းအခွင့်အရေးတွေ များပြားလာလေပါပဲ။ LinkedIn group တွေကနေလည်း အလုပ်ရှာနေသူတွေအတွက် မိမိရဲ့ network ကို ချဲ့ထွင်နိုင်ပါတယ်။
💬
📍Recommendation တွေယူပါ။
ကိုယ့်ရဲ့ profile ကို Impression ကောင်းအောင် လုပ်ပေးတဲ့အရာတစ်ခုကတော့ Recommendation ပါပဲ။ ကိုယ့်ရဲ့ အရင်အလုပ်က ကိုယ်နဲ့ရင်းနှီးတဲ့ လုပ်ဖော်ဆောင်ဖက်တွေ၊ အထက်အရာရှိတွေ၊ fresh graduate တွေဆိုလဲ ကိုယ့်ရဲ့ ဆရာ၊ ဆရာမတွေစီကနေပြီးတော့ ကိုယ်ဟာဒီအလုပ်အတွက် သင့်တော်ပါတယ် ဆိုတဲ့ ထောက်ခံစာကို အကူညီတောင်း ရယူနိုင်ပါတယ်။ ကိုယ်ကနေပြီးတော့မှလဲ သူများကိုအပြန်အလှန် Recommendation ပေးနိုင်ပါတယ်။ 📄
အပေါ်မှာဖော်ပြပေးသွားတဲ့အကြောင်းအရာတွေဟာဆိုရင် သင့်ကို LinkedIn မှာ အချိတ်အဆက်တွေများပြားစေနိုင်ပြီးတော့ အလုပ်ရှာဖွေတဲ့နေရာမှာ ကိုယ့်မိတ်ဆွေတွေကနေ တဆင့်အကူအညီရနိုင်သလို ကိုယ်အလုပ်လျှောက်ထားတဲ့ ကုမ္ပဏီရဲ့ အလုပ်ခန့်မယ့်သူတွေကလည်း ကိုယ့်ရဲ့ profile ကနေတဆင့် သင့်တော်တဲ့သူဟုတ်၊ မဟုတ် ဆုံးဖြတ်ပေးနိုင်ပါတယ်။👩💻
ဒါကြောင့် အလုပ်အကိုင်ရှာဖွေနေတဲ့သူတွေကို မိမိရဲ့ LinkedIn profile ကို အကောင်းဆုံးပြင်ဆင်ထားပါလို့တိုက်တွန်းလိုက်ပါတယ်နော်။ 😃
အချိန်ပေးပြီး အဆုံးထိ ဖတ်ရှုပေးသူတစ်ဦးစီတိုင်းကို ကျေးဇူးတင်ပါတယ်။
Ref: https://www.thebalancecareers.com/expand-your-linkedin-network-2059459
Written By,
Grace

Comments
Post a Comment