မန်နေဂျာတစ်ယောက်ဖြစ်လာတဲ့အခါ မဖြစ်မနေသိထားရမယ့် Managerial Skill (၃) မျိုး 🌟

 



👨‍💼 တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းရှင်​တွေ
အားလုံးဟာ Management Level ကို မတက်နိုင်သေးခင်အထိတော့ စွန့်ဦးတီထွင်လုပ်ငန်းရှင်များသာဖြစ်ကြပါတယ်။ 

လုပ်ငန်းလည်း အထိုက်အလျောက်အောင်မြင်လာပြီး ဝန်ထမ်းတွေလည်း ခန့်နိုင်ပြီဆိုရင်တော့ Management level ကို အဆင့်မြင့်ဖို့လိုလာပါပြီ။

💼 အဲ့ဒီလို စီမံခန့်ခွဲမှု​တွေလိုအပ်လာပြီး ကိုယ်တိုင်ဦး​ဆောင်ရတဲ့အခါမှာ Managerial Skill ​တွေကို သိထားဖို့ လိုအပ်ပါတယ်။
=================================

ပထမဆုံး Managerial Skill ဆိုတာဘာလဲ သိသွားအောင် လေ့လာကြည့်ရအောင်။

🔸 Managerial Skill ဆိုတာက စီမံခန့်ခွဲမှု​ဆိုင်ရာအလုပ်​တွေကို တာဝန်ယူရ​တော့မယ်ဆိုရင် အဲ့ဒီလူမှာရှိသင့်တဲ့ ဗဟုသုတနဲ့ စွမ်းဆောင်ရည်ကို ပြောတာဖြစ်ပါတယ်။

🔸 အဲ့ဒီလို ဗဟုသုတနဲ့ စွမ်းဆောင်ရည် လေ့လာမှုတွေကိုလည်း အတွေ့အကြုံနဲ့ အလေ့အကျင့်တွေက​နေတစ်ဆင့် ရရှိနိုင်တာဖြစ်ပါတယ်။ Managerial Skill အကြောင်းပြောတဲ့အခါ ကိုယ်ဦးဆောင်ရတဲ့ team က လူတွေရဲ့ အလုပ်လုပ်နိုင်စွမ်းကို ဘယ်လိုမြင့်ပေးရမလဲ ဆိုတာကလည်း Manager တစ်ယောက်ရဲ့ လိုအပ်တဲ့ Skill တစ်ခုဖြစ်ပါတယ်။👏

=================================
ဒါဆိုရင် မန်နေဂျာတစ်ယောက်ဖြစ်လာတဲ့အခါ မဖြစ်မနေလိုအပ်တဲ့ Skill (၃) ခုက ဘာ​တွေဖြစ်မလဲ?

အဲဒီ skill ​တွေက​တော့
Technical skills
Conceptual skills
Human Resources and Interpersonal skill ဆိုပြီး​တော့ Robert Katz က အခုလို ရှင်းပြထားပါတယ်။🧏‍♀️

🔶️၁။ Technical Managerial Skills

Manager တစ်ယောက်အနေနဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်တွေ ထမ်း​ဆောင်တဲ့အခါ မှန်ကန်တဲ့ နည်းစနစ် Technics တွေကို ​ရွေးချယ်ပြီး လုပ်​ဆောင်တဲ့ Skill ဖြစ်ပါတယ်။ ရောင်းအားမြင့်တင်ဖို့၊ Product နဲ့ Service တွေအတွက် မတူညီတဲ့ ဒီဇိုင်း၊ မားကတ်တွေကို ရွေးချယ်ရတဲ့အခါမှာ ဘယ်နည်းစနစ်တွေကို သုံးမလဲဆိုတာ သေချာ ရွေးချယ်ဆုံးဖြတ်ရပါတယ်။ 🧐

ဥပမာ - အရောင်းဌာနက လူတစ်ယောက်ဟာ သူရဲ့လုပ်သက်နဲ့ အတွေ့အကြုံ၊ ဗဟုသုတတွေအရ Sale ဘယ်လိုမြင့်အောင် ကိုင်တွယ်ရမလဲကောင်းကောင်း သိနေပြီဆိုရင် သူ့ကို Sales Manager တစ်ယောက်အဖြစ် ရွေးချယ်ဖို့ အသင့်လျော်ဆုံးပါပဲ။ ဘာလို့လဲဆိုတော့ သူ့မှာ သူကိုင်တွယ်ရတဲ့ အရောင်းဌာနအတွက် မှန်ကန်​ကောင်းမွန်တဲ့ နည်းစနစ်တွေကို ကောင်းကောင်းသိရှိနေလို့ပါပဲ။ 👌

🔶️၂။ Conceptual Managerial Skills 

Conceptual Skill ဟာ မန်နေဂျာတစ်ယောက်ရဲ့ တွေးခေါ်နိုင်စွမ်းကို ​ပြောတာဖြစ်ပါတယ်။ ကောက်နုတ်တွေးခေါ်နိုင်စွမ်းဆိုတာဟာ ကိုင်တွယ်နေရတဲ့လုပ်ငန်းရဲ့ ပ​ရောဂျက်တွေကို Analysis နဲ့ diagnosis ပြုလုပ်ပြီး အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်တဲ့ စွမ်းရည်ဖြစ်ပါတယ်။💭  

လုပ်ငန်းတစ်ခုရဲ့ Department တစ်ခုစီတိုင်းမှာ ဆိုင်ရာ Goals တွေရှိကြပါတယ်။ Conceptual Skill ဟာ မန်နေဂျာတစ်ယောက်ကို ဌာနဆိုင်ရာ Goals တွေရဲ့ လက်ရှိအနေအထား၊ လက်တွေ့အပြင်ဘက်က အခြေအနေတွေကို ခြုံငုံသုံးသပ်နိုင်စေပြီး​တော့ မျှော်မှန်းထားတဲ့ Goals တွေကို ​ရောက်ရှိသွားစေမဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချရပါတယ်။ ✅

🔶️၃။ Human Resources and Interpersonal Managerial Skill

ဒီစွမ်းရည်ဟာ လူတွေနဲ့အလုပ်လုပ်ရတဲ့အခါ Manager ရဲ့ ဗဟုသုတနဲ့စွမ်းဆောင်ရည်ကို ဘာသာပြန်​ပေးတဲ့ Skill ဖြစ်ပါတယ်။ Manager တစ်ယောက်ဖြစ်ပြီဆို အရေးကြီးဆုံး အလိုအပ်ဆုံး အရည်အချင်းက လူတွေနဲ့အလုပ်လုပ်ရတဲ့ Human or Interpersonal Skill ဖြစ်ပါတယ်။ လူတွေ၊ အသင်းအဖွဲ့တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံ​ရေး​ပြေပြစ်မှု​တွေသာမရှိရင် Management ဆိုတာ ခက်ခဲနိုင်ပါတယ်။ 👥

ဒီ Skill သာရှိမယ်ဆို Manager တွေဟာ Leader ကောင်းတစ်ယောက်ဖြစ်လာမှာဖြစ်ပြီး သူ့အသင်းသား​တွေရဲ့ လုပ်ဆောင်နိုင်စွမ်းပါမြင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ 🤗

💹 နောက်ဆုံးအနေနဲ့ ​ပြောချင်တာကတော့ လုပ်ငန်းတစ်ခုရဲ့ Business Potential Energy (လုပ်ငန်းတစ်ခုရဲ့အောင်မြင်နိုင်မဲ့ အလားအလာစွမ်းရည်) ဟာ Management ပိုင်းနဲ့ အများကြီးသက်ဆိုင်​နေပါတယ်။ Management ကောင်းတဲ့ အဖွဲ့အစည်းတစ်ခုဟာ BPE မြင့်မား​လေ့ရှိပါတယ်။ ဒါ​ကြောင့် စီမံခန့်ခွဲမှု​တွေကို ဦး​ဆောင်နိုင်ဖို့အတွက် ဒီ skill ​တွေကို ဖြည့်ဆည်းထားရမှာဖြစ်ပါတယ်။ 💪

ဒီ​လောက်ဆိုရင် Beatrix ရဲ့စာဖတ်သူ​တွေလည်း လိုအပ်တဲ့ skill​တွေကို သိရှိသွားမယ်လို့​မျှော်လင့်ပါတယ်။ 🥳

Ref: https://www.google.com/amp/s/www.entrepreneurshipinabox.com/202/managerial-skills/amp/

Written_by_KTDA





Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱