Project Management Skillဆိုတာဘာတွေလဲ?

 Project Management Skill ဆိုတာဘာတွေလဲ?

Project လို့ပြောလိုက်မယ်ဆိုရင် သူငယ်ချင်းတို့ အကုန်လုံးရဲ့နေ့စဥ် အလုပ်တွေမှာရော၊ ကျောင်းကိစ္စ၊ ဘယ် field ထဲကအလုပ်ကိစ္စနဲ့မဆို ကင်းမယ် မထင်ပါဘူး။ ကျောင်းက assignment တွေ၊ presentation တွေ လုပ်တာကိုလည်း project တစ်ခုလုပ်တယ်ဆိုနိုင်ပါတယ်👍🏼 


ဒါပေမယ့် တကယ့်လုပ်ငန်းသဘောအရ လုပ်ဆောင်ရတဲ့ project ကြီးတွေ လုပ်တဲ့အခါမှာ project manager တစ်ယောက်အနေနဲ့ project တစ်ခုကို အခက်အခဲမရှိ အောင်အောင်မြင်မြင် ပြီးနိုင်ဖို့အတွက်လိုအပ်တဲ့ skills တွေရှိထားဖို့အရေးကြီးပါတယ်။


ဒီတော့ project management အတွက်မရှိမဖြစ် လိုအပ်တဲ့ skills တွေကိုဖော်ပြလိုပါတယ်။ 💁🏻‍♀️


✡️ Planning 📄

Project တစ်ခုစလုပ်ပြီဆိုတည်းက ဒီ project အတွက် strategy ချမှတ်တဲ့ အဆင့်ဟာ အရမ်းကို အရေးကြီးပါတယ်။ Project အတွက်လိုအပ်မယ့်ပစ္စည်း၊ သင့်တော်တဲ့နေရာ၊ ကိုက်ညီတဲ့အချိန်၊ ငွေရေးကြေးရေး၊ လိုအပ်တဲ့ document တွေ report တွေကိုစီစဥ်တာ အစရှိသဖြင့် planning ပိုင်း၊ တစ်နည်းအားဖြင့် management ပိုင်းကို ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်မှ၊ ကျွမ်းကျင်မှ နောက်ဆက်တွဲ ဒီ plan ကို အကောင်အထည်ဖော်ရတာ အဆင်ပြေမှာ ဖြစ်ပါတယ်။


✡️ Leadership (ဦးဆောင်မှု)👩🏼‍💼

Project Manager တစ်ယောက်ဟာ လူအများနဲ့၊ အချိန်အကန့်အသတ်တစ်ခုနဲ့ အလုပ်ကို​ ချောချောချူချူပြီးအောင် လုပ်ရတာဖြစ်ပါတယ်။ ဒီလိုအချိန်မှာ လူတွေကို ဘယ်အရာကိုတော့ ဘယ်လို လုပ်ပါဆိုတာမျိုးကို လမ်းညွှန်နိုင်မယ် ဆိုကာမှ ကိုယ့်လက်အောက်ကလူတွေလည်း သူတို့အလုပ်အပေါ်မှာ တိုးတက်မှုရှိတယ်လို့ ခံစားနိုင်မှာဖြစ်ပါတယ်။


✡️ Communication (ဆက်ဆံရေး)🤝

Project တစ်ခုပြီးမြောက်ဖို့ရာ ကိုယ်တစ်ဦး နဲ့ပြီးတာမဟုတ်ဘဲ ကိုယ်တွေ့နေကြမဟုတ်တဲ့ လူတွေ၊ အထက်ကလူတွေ၊ ကိုယ့်လက်အောက်ကလူတွေ အစရှိသဖြင့် လူအမျိုးမျိုးနဲ့ အလုပ်တွဲလုပ်ရမှာဖြစ်တဲ့ အတွက် အကောင်းဆုံးရလဒ်တွေကို ရချင်တယ်ဆိုရင်တော့ ဆက်ဆံရေး ကောင်းမွန်ဖို့ရာ အရမ်းအရေးကြီးပါတယ်။ 🙇‍♀️


✡️ Risk or Conflict Management (ပဋိအက္ခကိုကိုင်တွယ်နိုင်မှု)🗣

ဒါကို Problem Solving Skills လို့လည်း ပြောကောင်းပြောနိုင်ပါတယ်။ ဘယ်အချိန်မှာ ဘယ်လို ပြဿနာတွေတက်လာနိုင်တယ် ဆိုတာ ဘယ်သူမှမသိပါဘူး။ တစ်ခုခု အပြောင်းအလဲ ဖြစ်လာတဲ့အခါမျိုးမှာ ဘာဆက်လုပ်ရမလဲ၊ ဘယ်လို ဖြေရှင်းရမလဲ အစရှိသဖြင့်ကြိုတွေးထားဖို့လိုပါတယ်။ တစ်ခုခုပြဿနာတက်ခဲ့ရင်လည်း ကြောက်လန့်မသွားဘဲ စိတ်အေးအေးနဲ့ ဖြေရှင်းတတ်ပါမှ အဆင်ပြေမှာ ဖြစ်ပါတယ်။ 👌🏼


✡️ Time management ( အချိန်စီမံခန့်ခွဲမှု)⏰

Project တိုင်းမှာ Deadlineတွေ ရှိပါတယ်။ အချိန်ကာလအနည်းငယ် အတွင်းမှာ အလုပ်များစွာကို လုပ်ရတာမျိုးတွေလည်းရှိပါတယ်။ ဒါ့ကြောင့် project manager တစ်ယောက်အနေနဲ့ project လုပ်နေစဉ် ကာလအတွင်းမှာ စနစ်ကျတဲ့ အချိန်ဇယား ကို ရေးဆွဲတတ်ပြီး ချမှတ်ထားတဲ့ deadlineတွေနဲ့ အမှီ လုပ်နိုင်ရပါတယ်။ 


✡️Reporting Skills (အစီရင်ခံမှု)

Project manager တစ်ယောက်ဟာ project ကာလတစ်လျှောက် ဒေတာတွေ အချက်အလက်တွေ ကို စုဆောင်းပြီး နောင်အကဲဖြတ်မှုတွေအတွက် report လုပ်တာမျိုး ရှိပါတယ်။ project အတွက် ပြဿနာတစ်စုံတစ်ရာ ဖြစ်လာခဲ့ရင် ဒီအရာက အရေးကြီးပါတယ်။ 🙋🏻‍♀️

Project Manager ကအဖွဲ့ဝင်တွေ ၊client တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ချမှတ်ထားတဲ့ ရည်မှန်းချက် ၊ ရည်ရွယ်ချက်တွေ ဖြစ်မြောက်ဖို့အတွက်  Project Manager တစ်ယောက် ရဲ့ အစီရင်ခံနိုင်မှုစွမ်းရည် ကလည်း အရေးကြီး အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်နေ ပါတယ်။


ဒီ post ကနေ တစ်ဆင့် project management ပိုင်းနဲ့ပတ်သက်ပြီး ရှိသင့်ရှိထိုက်တဲ့ skills တွေအကြောင်းကို နားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ 🐝


Reference Link: https://www.wrike.com/project-management-guide/faq/what-are-project-management-skills/

Written by

အလှလေး

 




Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱