၂၀၂၁ အတွက် အမြဲလက်ကမချဖြစ်နေမယ့် ‌အရောင်များ (သို့) "2021 Colour of the Year" 🎨

 

အားလုံးပဲ မင်္ဂလာပါ 🐝 Beatrix မှ ပြန်လည် ကြိုဆိုပါတယ်။
Beatrixer တို့ Design တစ်ခုလုပ်ပြီ၊ Project တစ်ခုလုပ်ပြီဆိုရင် Color ရွေးတဲ့အချိန် ဘယ်အရောင်ရွေးရမှန်းမသိ ဒုက္ခရောက်ဖူးကြတယ်မလား။ 😒 ဒါဆို အခု စိတ်အေးနိုင်ပါပြီနော်။

နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလရောက်ပြီဆိုရင် The Pantone Color Institute ကနေ နောက်တစ်နှစ်တာရဲ့အရောင် (The color of the year ) ကို ခန့်မှန်းထုတ်ပြန်ပေးပါတယ်🎨
အဲဒီအချိန်ဟာဆိုရင် အရောင်တွေနဲ့ ဆက်နွယ်ပြီး အလုပ်လုပ်သူတိုင်းအတွက် စာမေးပွဲရလဒ်စောင့်မျှော်ရသလို မျှော်လင့်ရင်ခုန်ရတဲ့အချိန်လို့ ဆိုကြပါတယ် ။ 👀
ဒါဆိုရင်Beatrixer တို့အတွက် 2021 Color of the Year ကနေ ဘာအကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတာ ကျွန်တော် အခု အောက်မှာ ဆက်ပြီး ရှင်းပြပေးပါ့မယ်။🙌🏻
Written by Htoo Aung
Graphic Designed by May Thu Thu Kyaw
Image may contain: text that says "BEATRIX THE COLOUR OF THE YEAR"
1️⃣The Color of the Year ဆိုတာဘာလဲ❔❓

၂၀၀၀ ခုနစ်မှာ အဆိုပါ Pantone Color Institute ကနေ Branding, Marketing နဲ့ အခြားအဖွဲ့အစည်း‌အတွက် ခေတ်ရှေ့ပြေးလွန်းတဲ့ အယူအဆတစ်ခုကို စဉ်းစားမိခဲ့ပါတယ်။

ဒါကတော့ နှစ်တစ်နှစ်အစပြုတိုင်း အဲဒီနှစ်အတွက် Trend ဖြစ်လာနိုင်တဲ့ အရောင်တစ်ခုကို ကြိုတင်ခန့်မှန်းထားဖို့ပဲဖြစ်ပါတယ်။ ဒီစိတ်ကူးစိတ်သန်းကြောင့်ပဲ Pantone Color Institute ဟာဆိုရင် အရောင်တွေနဲ့ ပတ်သက်လာရင် ရှေ့ပြေးဖြစ်တယ်၊ အကျွမ်းကျင်ဆုံးဖြစ်တယ်လို့ သတ်မှတ်ခံလာရပါတယ်။

ဒါကြောင်မို့ ဒီဇင်ဘာလရောက်တိုင်း Pantone ရဲ့ The Color of the Year ကို အားကိုးတကြီး စောင့်မျှော်ရင်ခုန်နေတာဟာ သိပ်တော့မထူးဆန်းတော့ပါဘူး။ 👁
Image may contain: text that says "BEATRIX THE PANTONE COLOUR INSTITUTE"
2️⃣The Pantone Color Institute အကြောင်း

The Pantone Color Institute ဟာ ဒီဇိုင်နာတွေ၊ Marketing သမားတွေ၊ Brand တွေ အတွက် အရောင်နဲ့ဆက်စပ်ပြီး လုံးဝကျေနပ်ဖို့ကောင်းတဲ့ ဝန်ဆောင်မှုတွေ ပေးပါတယ်။

သူတို့ရဲ့ Color Matching စနစ်ဟာ သိပ်ကို ကောင်းလွန်းတာမို့ အရောင်နဲ့ပတ်သက်တဲ့နယ်ပယ်မှာဆိုရင် ပြိုင်ဘက်ကင်းလို့ ဆိုနိုင်ပါတယ်။ သူတို့က ဒီဇိုင်းပိုင်းမှာသာမက တခြားနယ်ပယ်တွေမှာပါ ကျမ်းကျင်တဲ့သူတွေဗျ။ 🌝
Image may contain: text that says "BEATRIX THE COLOUR OF 2021 ULTIMATE GRAY & IIUMINATING"
3️⃣ဒါဆိုရင် အရေးကြီးဆုံး အနေနဲ့ လာမယ့်၂၀၂၁ ရဲ့အရောင်ဟာ ဘာများဖြစ်မလဲ❔

ပုံမှန်ဆို တစ်နှစ်ကိုတစ်ရောင်ပဲ ရွေးချယ်ခန့်မှန်းတာဖြစ်ပေမယ့် ၂၀၂၁ ရဲ့အရောင်ကိုတော့ မတူကွဲပြားစွာပဲ အရောင်နှစ်မျိုးတွဲဖက်ထုတ်ပြန်လိုက်ပါတယ်။

🌪တည်ငြိမ်တဲ့ ခဲရောင်ဖျော့ဖျော့ -"Ultimate Gray" နဲ့

🪄အဝါရောင်အဖျော့ -"Illuminating" ကို တွဲဖက်ထားပေးတာဖြစ်ပါတယ်။

ဒီအရောင်နှစ်ခုဟာ ယေဘုယျအားဖြင့် သိသိသာသာ ကွာခြားနေပေမယ့် ပေါင်းစပ်လိုက်ရင်တော့ အင်မတန်ကို လိုက်ဖက်ညီသွားတာဟာ အံ့ဩစရာပါပဲ။💯

တစ်ဖက်ကကြည့်ရင်လည်း ယခုအတွဲအဖက်ဟာ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ ပြန်လည်တွန်းလှန်နိုင်စွမ်းဆိုတဲ့ အဓိပ္ပာယ်တွေကိုဖော်ကျူးပါတယ်။

ကာကွယ်ဆေးတွေရရှိလာမယ့်အချိန်၊ ကမ္ဘာကြီးအရင်လိုပြန်လည်ပတ်ဖို့အချိန်၊ ဝေးကွာနေသူတွေ ပြန်စုံစည်းကြဖို့အချိန်၊ ဒီအချိန်တွေ ရောက်ရှိလာပြီလို့ ကျွန်တော်တို့ မျှော်လင့်လို့ရပါတယ်။
Image may contain: shoes, text that says "PANTONE BEATRIX MARKETING TREND ပေါ်ကိုရော ဘယ်လိုသက်ရောက်မှုရှိမလဲ"
4️⃣Colour of the Year ဟာ Marketing Trend ပေါ်ကိုရော ဘာတွေသက်ရောက်မှုရှိမလဲ ❔

The Pantone Color Institute ဟာ ယခုနှစ် ၂၀၂၀ တစ်လျှောက်လုံးမှာ Trend ဖြစ်ခဲ့သမျှအရောင်တွေကို ပိုက်စိပ်တိုက် လေ့လာနေခဲ့ပြီးမှ ၂၀၂၁ ရဲ့အရောင်တွေဖြစ်တဲ့ Ultimate Gray နဲ့ Illuminating ကို ရွေးချယ်ခဲ့တာပါ။

သူတို့ဟာ ဖက်ရှင်၊ မားကတ်တင်း၊ ဆိုရှယ်မီဒီယာ စတဲ့ရှုထောင့်ပေါင်းစုံအပြင် နိုင်ငံရေးရှုထောင့်ကပါ ထည့်သွင်းစဉ်းစားထားတာပါ။ ဒါကြောင့် သူတို့ ခန့်မှန်းပြီး ရွေးလိုက်ပြီဆိုရင် အဲဒီအရောင်ဟာ ဒီဇိုင်းနဲ့ မားကတ်တင်းနယ်ပယ်တွေမှာ ကြောက်ခမန်းလိလိ လွှမ်းမိုးနိုင်တဲ့အရောင်ဖြစ်လာတော့တာပါပဲ။

ကုမ္ပဏီပေါင်းများစွာကလည်း Color of the Year ကိုသုံးပြီး သူတို့ထုတ်ကုန်တွေကို ဒီဇိုင်းလုပ်ကြပါတယ်။ Pantone က‌လည်း လုံးဝကြွေမျောလောက်စရာ color combination palettes တွေကို ဖန်တီးပေးပါတယ်။ ဒီတော့လည်း သူတို့ရဲ့ကာလာခန့်မှန်းတဲ့ Trend ဟာ အတော့်ကိုအရေးပါလာပြီး လွှမ်းမိုးနိုင်စွမ်းကလည်း ကြောက်စရာကောင်းလောက်အောင်ဖြစ်လာတာပေါ့။
Image may contain: text that says "BEATRIXER တို့ရဲ့ စီးပွားရေးလုပ်ငန်းကိုရော COLOR OF THE YEAR ဘယ်လိုပေါင်းစပ်နိုင်သလဲ Ultimate Gray 17-5104 Color of the Year 2021 Illuminating 13-0647 PANTONE BEATRIX"
5️⃣Beatrixer တို့ရဲ့ စီးပွားရေးလုပ်ငန်းကိုရော Color of the Year နဲ့ ဘယ်လိုပေါင်းစပ်နိုင်သလဲ ❔

ဝယ်ယူသုံးစွဲသူတွေကိုအဓိကထားပြီး Color of the Year ကို ခန့်မှန်းထားတာမို့ ဝယ်ယူသူတွေသဘောကျမယ့်အရောင်‌ပေါ့ဗျာ။

Pantone Institute ကနေ Research လုပ်ထားတဲ့ ပမာဏဟာ Beatrixer တို့ရဲ့ စီးပွားရေးလုပ်ငန်းအတွက် Marketing Research လုပ်ရမယ့်အချိန်တွေကို ဘယ်လောက်တောင် သက်သာသွားစေလိုက်သလဲ။ တစ်ခုခုဆို အရောင်နဲ့ပဲစိတ်ညစ်နေရမယ့်အရေးကို ကယ်တင်ပေးလိုက်တာပါပဲ 🙇

ဒါဆိုရင်တော့ Beatrixer တို့ရဲ့ လုပ်ငန်းတွေအတွက် ကြော်ငြာတွေ၊ ထုတ်ကုန်ဒီဇိုင်းတွေ၊ တခြား Graphic Design ဆိုင်ရာကိစ္စတွေကို Ultimate Gray နဲ့ Illuminating တို့ကိုသာ ရွေးပြီး အသုံးချလိုက်ပါတော့။ တစ်ချို့အတွေးအခေါ်ကောင်းတဲ့ စီးပွားရေးလုပ်ငန်းရှင်‌တွေဆို Color of the Year ကိုသုံးပြီး တစ်နှစ်တစ်ခါ လုံးဝအသွင်အပြင်ပြောင်းပစ်တာပါ။ ဒါဆို Beatrixer တို့အားလုံး နှစ်သစ်မှာ အရောင်ရွေးရတဲ့ကိစ္စနဲ့ပတ်သက်လို့ စိတ်အေးလက်အေးဖြစ်နိုင်ပါပြီခင်ဗျာ။ 🙌🏻

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱