မင်္ဂလာပါ။ Beatrix မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

ဒီတစ်ခါမှာတော့ အဆင့် (၅) ဆင့်တည်းနဲ့ Marketing Plan ရေးဆွဲနည်းကို မျှဝေပေးသွားချင်ပါတယ်။
Marketing Plan ဆိုတာက အဖွဲ့အစည်းတစ်ခုရဲ့ Goals တွေကိုအကောင်အထည်ဖော်ပေးနိုင်မယ့် အစီအစဥ်​တွေထဲက တစ်ခုပါပဲ။📊
အဖွဲ့အစည်းတစ်ခုမှာ Marketing Plan လို စီစဥ်ထားတာ တစ်ခုမှ မရှိဘူးဆိုရင် Project အတွက် သုံးရတာ၊ လူငှားရမ်းခ၊ တခြားကုန်ကျစရိတ်များနဲ့ ရှုပ်ထွေးပြီး ပရမ်းပတာဖြစ်တတ်ပါတယ်။ 🤦‍♀️
ဒါမျိုးတွေ မဖြစ်ရလေအောင် နှစ်စဥ် တစ်နှစ်စာ Marketing Plan ကို အတိအကျရေးဆွဲရပါတယ်။ 📖
❗ Marketing plan ဟာ မတူညီတဲ့ Industry နဲ့ Goals တွေပေါ်မူတည်ပြီးပြောင်းလဲတတ်တာကိုတော့သတိပြုမိစေချင်ပါတယ်။
ဒါဆို အဆင့် (၅) ဆင့်သုံးပြီး Marketing plan ရေးဆွဲကြည့်ကြရအောင်။😉
🔹 ၁။ ပြိုင်ဘက်နဲ့ ကိုယ့်ကိုကိုယ်ရဲ့ အခြေအနေကို သုံးသပ်ပါ။
Marketing Plan တစ်ခုကို စမဆွဲခင် လက်ရှိဖြစ်နေတဲ့အခြေအနေအမှန်ကို အရင်သိရပါတယ်။ ပြိုင်ဘက်တွေက ဘယ်လိုအခြေအနေရှိလဲ? မိမိက Market မှာ ဘယ်လိုအခြေအနေရှိလဲ? အရင်ဆုံး သိအောင်လုပ်ရပါမယ်။
ပြိုင်ဖက်နဲ့ ကိုယ့်ကိုကိုယ်ရဲ့ အခြေအနေကို အကောင်းဆုံး သုံးသပ်နည်းကတော့ အားလုံးသိပြီးတဲ့ SWOT Analysis ပဲ ဖြစ်ပါတယ်။
S = Strength (အားသာချက်)
W = weakness (အားနည်းချက်)
O = opportunity (အခွင့်အရေး)
T = Thread (အန္တရာယ်) ဖြစ်ပါတယ်။
အဲ့ဒီလေးခုကို ဇယားလေးဆွဲပြီး မိမိလုပ်ငန်းရဲ့ SWOT analysis ကိုအရင်လုပ်ကြည့်ပါ။ ပြီးတော့ ပြိုင်ဘက်ရဲ့လုပ်ငန်းအခြေအနေကိုလည်း Analysis လုပ်ပြီး ယှဥ်ကြည့်ပါ။ ဘာတွေလိုအပ်နေတယ်။ ဘာတွေဆက်လုပ်ရမယ်ဆိုတာ အများကြီးမြင်ရပါလိမ့်မယ်။⛳
🔹️၂။ ကိုယ့်ရဲ့ target market ကို သေချာသတ်မှတ်ပါ။🎯
စျေးကွက်ကို သတ်မှတ်ဖို့အတွက် သင့်ဆီက လက်ရှိဖောက်သည်တွေရဲ့ အကျင့်ကို အရင်သိအောင်ကြိုးစားရပါမယ်။ လက်ရှိဖောက်သည်တွေရဲ့ နေထိုင်မှုပုံစံ၊ အသက်အရွယ်၊ လိင်၊ ငွေကြေးသုံးစွဲနိုင်မှုအခြေအနေ၊ ဝယ်ယူမှုနှုန်းစတာတွေအတွက် စာရင်းဇယားနဲ့ သေချာသိအောင်လုပ်ရပါတယ်။
သင့်လုပ်ငန်းအတွက် အဲ့လိုစာရင်းဇယားမလုပ်မိထားဘူးလား? ဒါဆို အခုပဲ Market Research စလုပ်လိုက်ပါနော်။ 🔖
အဲ့တာဆို ဘယ် product က အားနည်းချက်ရှိတယ်။ ဘယ်အရာတွေလိုသေးလဲ? ဆိုတာကို အသေးစိတ်သိရှိလာနိုင်ပါတယ်။
🔹️၃။ SMART formula သုံးပြီး Goals သတ်မှတ်ပါ။ ⛳
သင် မသိသေးတဲ့တစ်နေရာကို သွားတော့မယ်ဆို မြေပုံမသိဘဲ သွားလို့မရဘူးနော်။ သွားရမဲ့ ပန်းတိုင်ကိုလည်း သေချာ သတ်သတ်မှတ်မှတ်ထားရပါတယ်။ တိကျတဲ့ ပန်းတိုင်မရှိဘဲ ROI (return on investment) ကို ခပ်မြင့်မြင့် မှန်းလို့ရမှာမဟုတ်ဘူးနော်။ တိကျတဲ့ သင့်လုပ်ငန်းရဲ့ Goals ကို SMART သုံးပြီး ဖန်တီးလိုက်ပါ။
S = Specific (တိကျရမယ်)
M = Measurable (တိုင်းတာလို့ရရမယ်)
A = Attainable ( ရယူနိုင်စွမ်းရှိရမယ်)
R = Relevant (ဆက်စပ်မှုရှိရမယ်)
T = Time-bound (အချိန်လောက်ငှမှုရှိရမယ်)
လုပ်ငန်းရဲ့ Goal ကို အများကြီး သတ်မှတ်ထားလို့မရပါဘူး။ တိတိကျကျ နဲ့ သေချာသတ်မှတ်ရပါတယ်။ 🗝️
အကြီးကြီးတွေပဲ လျှောက်ပြောလို့မရပါဘူး။ အရင်လက ဘယ်လောက်ရခဲ့တယ် ဆိုတာကိုအခြေခံပြီး ဘယ်လောက်ရအောင်ကြိုးစားမယ်ဆိုတဲ့ တွက်ထုတ်နိုင်စွမ်းရှိရပါမယ်။
မမှီနိုင်တဲ့ပန်းတိုင်လည်းမဖြစ်စေပါနဲ့။😢
တစ်လွဲမဆိုင်တဲ့ ပန်းတိုင်တွေလည်းမဖြစ်စေနဲ့နော်။ 🤓
Marketing plan က တစ်နှစ်အတွင်းလို့ သ​တ်မှတ်ထားရင် တစ်နှစ်နဲ့ရယူနိုင်စွမ်းရှိရပါမယ်နော်။
🔹️၄။ နည်းဗျူဟာ သတ်မှတ်ပါ။🕸️
Goal ကို သတ်မှတ်ပြီးပြီဆိုရင် အဲ့ပန်းတိုင်ကို ဘယ်လိုရောက်အောင်သွားမလဲ ဗျူဟာတွေချရပါမယ်။ ဥပမာ - သင့်ရဲ့ Goal က ၃ လအတွင်း ၃၀ ရာခိုင်နှုန်းတိုးချင်တာဆိုရင် Discount Strategy တွေချမလား? Campaign လုပ်မလား? Content Marketing Strategy ဆွဲမလား? သေချာ သုံးသပ်ပြီး ဆုံးဖြတ်ချက်ချရပါတယ်။
Goals တွေကို သေချာဆုံးဖြတ်ပြီးတာနဲ့ Strategy တွေအတွက် Brain Storming လုပ်ရတာလွယ်သွားပါလိမ့်မယ်။🧠
🔹️၅။ Budget ကို သတ်မှတ်ပါ။💰
Goals တွေကို အရယူဖို့ ဆုံးဖြတ်ထားတဲ့ Strategy နဲ့ ပတ်သက်ပြီး တိကျတဲ့ Budget အသုံးစရိတ်တွေကို ချမှတ်ရပါတော့မယ်။
အဲ့တော့ နည်းဗျူဟာ ကို စချကတည်းက ခန့်မှန်း Budget ကို အရင်တွက်ရပါတယ်။ ပြီးတော့ ဘယ်အချိန်မှာ
ဘာအတွက် ငွေပေး​ေချမယ်ဆိုတဲ့ Budget plan ကိုပါ ချမှတ်ရပါတယ်။ ဒါမှ မကုန်သင့်တာတွေအားလုံး မကုန်တော့မှာဖြစ်ပါတယ်။ 🌝
အခုဆို အဆင့် (၅) ဆင့်တည်းနဲ့ Marketing Plan တစ်ခုကို ဖန်တီးနိုင်ပြီနော်။ 💁‍♀️
အခု တကယ့်အဆင့်မြင့် Marketing plan တိုင်းမှာပါ​လေ့ရှိတဲ့အရာတွေကို ​ဖော်ပြပေးသွားပါ့မယ်။ 🙋‍♀️
၁။ လုပ်ငန်းအကြောင်း အကျဥ်း
၂။ လုပ်ငန်းရဲ့ ပရောဂျက်များ
၃။ စျေးကွက်ပစ်မှတ်နေရာများ
၄။ စျေးကွက် နည်းဗျူဟာများ
၅။ ငွေကြေးသုံးစွဲမှု အစီအစဥ်
၆။ မားကတ်တင်း ပြုလုပ်မည့် channel များပဲဖြစ်ပါတယ်။
Marketing Plan ဟာ လုပ်ငန်းတိုင်းအောင်မြင်နိုင်ဖို့အတွက် အင်မတန်အရေးကြီးလှပါတယ်။ လုပ်ငန်းတစ်ခု စနစ်တကျ တည်တံ့နေဖို့အတွက်လည်း Marketing Plan က ကူညီပေးတာမို့ စီးပွားရေးလုပ်ငန်းအတွက် ဒီအဆင့် (၅) ဆင့်သုံးပြီး Marketing Plan ဖန်တီးလိုက်တော့နော်။🏆
Written by
Khine T.d

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱