ကျရှုံးမှုတွေမရှိတဲ့အောင်မြင်ခြင်းက ခမ်းနားတဲ့အောင်မြင်မှုလား?? 🤔



ကျရှုံးခြင်းဆိုတဲ့စကားလုံးဟာ လူတွေအတော်များများကြောက်ရွံ့ကြတဲ့ စကားလုံးတစ်လုံးဖြစ်ပါတယ်။ လူ​တွေအားလုံးကအောင်မြင်ချင်ကြတယ်။ ကျရှုံးချင်တဲ့လူတစ်ယောက်မှမရှိဘူး။ ဒါပေမယ့် ဒီစာကိုရေးတာဟာကျရှုံးချင်စိတ်တွေပေါ်လာစေချင်တဲ့ ရည်ရွယ်ချက်နဲ့ရေးသားတာလားဆို​တော့ ....🤫
ဟုတ်ပါတယ်။ လူတွေကိုကျရှုံးစေချင်တယ်။ ဒါမှအောင်မြင်မှုအရသာကိုပြည့်ပြည့်ဝဝ ခံစားနိုင်မှာပေါ့။ 🏅
မြန်မြန်နဲ့ဆိုးဆိုးရွားရွား ကျရှုံးစေချင်တယ်။ ဒါမှ အောင်မြင်မှုတွေကို လျင်လျင်မြန်မြန်ရစေမှာဖြစ်ပြီး မွန်မြတ်တဲ့၊ လူတကာလေးစားအတုယူချင်တဲ့ အောင်မြင်မှုမျိုးကိုရရှိမှာပေါ့။🏆
ကျရှုံးခြင်းတွေဟာလူ့ဘဝတစ်လျှောက်မှာ မဖြစ်မနေတွေ့ရတဲ့အရာမျိုးတွေဖြစ်တယ်။ ကိုယ်ကအစွမ်းကုန်ပေးပြီးကြိုးစားပေမယ့်လည်း ကိုယ်ဖြစ်ချင်တာတွေဖြစ်မလာတာ ကိုအမြဲတစေကြုံရမှာဖြစ်တယ်။ 🗻
ဒါပေမယ့် ဒီလို ကျရှုံးခြင်းတွေကကိုယ့်ရဲ့တကယ့်ကျရှုံးမှုတွေလား...? 🤷‍♀️
လုံးဝမဟုတ်ပါဘူး။ ကျရှုံးမှုဒဏ်ကြောင့် ကိုယ်လုပ်နေတဲ့ အရာတွေပေါ်မှာ လက်လျှော့လိုက်တာက တကယ့်ကျရှုံးမှုစစ်စစ်ပါ။ ကိုယ့်ကိုယ်ကို လက်လျှော့လိုက်တာက ကျရှုံးမှုပါ။ 🥺
ကျရှုံးမှုတွေကို ကြုံနေရပေမယ့် "ငါတစ်နေ့အောင်မြင်မှာ" ဆိုပြီး ကိုယ့်ကိုယ်ကို ယုံကြည်ဖို့ကသာပဓာနဖြစ်ပါတယ်။
လူတွေကတော့ကျရှုံးခြင်းကိုမကောင်းတဲ့ အရာကြီးတစ်ခုလို့မြင်ကြတယ်။ တကယ်တော့ကျရှုံးတာကအောင်မြင်တာ ထက်တောင် ပိုအကျိုးရှိတယ်လို့ပြောလို့ ရနိုင်တယ်။ 🧏‍♀️
ကျရှုံးခြင်းတွေကပေးတဲ့ သင်ခန်းစာတွေကို မှန်မှန်ကန်ကန် ယူတတ်ဖို့နဲ့ ဘယ်တော့မှလက်မလျှော့တဲ့ စိတ်ဓာတ်ကသာအောင်မြင်မှုကိုဆွတ်ခူးနိုင်စေမှာပါ။
ကျရှုံးမှုကလူကိုသန်မာစေတယ်။ မခံချင်စိတ်တွေကိုဖန်တီးပေးတယ်။ အမှား​တစ်ခုလုပ်မိတဲ့အတွက် ဘဝမှာ ကိုယ်လုပ်နိုင်ချေရှိတဲ့ အမှားအရေအတွက် စုစုပေါင်းထဲကတစ်ခုကို လျှော့ချပေးလိုက်တာနဲ့တူတူပါဘဲ။ ✅
ကျရှုံးခြင်းက အကောင်းမြင်တတ်တဲ့စိတ်ဓာတ်တွေကို မွေးမြူပေးတယ်။ ကျရှုံးခြင်းက ကိုယ့်ကိုယ်ကိုပြန်ထူထောင်နိုင်ခြင်းဆိုတဲ့ အစွမ်းသတ္တိတွေကို ပေးဆောင်နိုင်တယ်။ ကျရှုံးခြင်းက ကိုယ့်မှာရှိတဲ့ဟာကွက်တွေ၊ အားနည်းချက်တွေကို ကွက်ကွက်ကွင်းကွင်း မြင်လာစေနိုင်တယ်။ ​အမှားကိုပြင်ရမယ်ဆိုတဲ့ စိတ်ဓာတ်တွေဖန်တီးပေးတယ်။ 🌠
ဒီလောက်တောင် အကျိုးကျေးဇူးတွေ အများ​
ကြီးပေးနိုင်တဲ့ ကျရှုံးခြင်းဆိုတဲ့အရာကြီးကို ဘာလို့ကြောက်ရွံ့နေကြတာလဲ? ဘာလို့ မကျရှုံးဘဲနေကြမလဲ?
ကျရှုံးပါ။ ထပ်ခါထပ်ခါ မြန်မြန်ဆန်ဆန် ကျရှုံးပါ။ 🤓
အသစ်အသစ်သောအရာတွေကို စမ်းလုပ်ကြည့်နေပါ။ သတ္တိရှိကြပါ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိကြပါ။ ဘယ်တော့မှအရှုံးမပေးပါနဲ့။ အိပ်မက်မက်ပါ။ ကိုယ့်အိပ်မက်တွေကို အကောင်အထည်ဖော်ပါ။ စွန့်စားပါ။
"ကျရှုံးမှုတွေကတစ်ဆင့်ရတဲ့သင်ခန်းစာတွေကို စုစည်းပြီး ခမ်းနားတင့်တယ်တဲ့ အောင်မြင်မှု ကိုဆွတ်ခူးကြပါ။''🥳
--- "There is only one thing that makes a dream impossible to achieve: THE FEAR OF FAILURE'' --- Crd
Written by
အလှလေး

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱