“သင်ရော ခွင့်လွှတ်တတ်ပြီလား… ❔"
Written by
Pyae
သူ့ကိုပြန်ပြီး ဒုက္ခရောက်အောင်လုပ်မယ်လို့တွေးဖူးလား?
အဲ့လို စိတ်ညစ်နေရတာတွေကနေ လွတ်မြောက်ဖို့အ ကောင်းဆုံးနည်းကတော့ "ခွင့်လွှတ်ခြင်း" ပါပဲ။
ကိုယ်တကယ်ခွင့်မလွှတ်နိုင်သေးဘဲနဲ့ ခွင့်လွှတ်ချင်ယောင် မဆောင်ပါနဲ့။ ခွင့်လွှတ်ခြင်းဆိုတာ "ငါမင်းကိုခွင့်လွှတ်တယ်" ဆိုတဲ့စကားတစ်ခွန်း ပြောလိုက်တာနဲ့ ပြီးသွားမယ့်ကိစ္စ မဟုတ်ပါဘူး။
ဒါဆို လုပ်ဖို့မလွယ်တဲ့ ခွင့်လွှတ်ခြင်းကိုလုပ်နိုင်အောင် ဘယ်လိုအဆင့်တွေနဲ့ကျော်ဖြတ်ကြမလဲ
ကိုယ့်ကို ဘယ်သူက နာကျင်အောင် လုပ်တာလဲ? ဘာကြောင့်လဲ?
ကိုယ်ရော ဘယ်လောက်ထိ နာကျင်ခဲ့ရပြီးပြီလဲ?
နာကျင်မှုဟာကိုယ့်ကိုဘယ်လိုတွေပြောင်းလဲခဲ့ပြီလဲ?
ခွင့်လွှတ်မယ် ခွင့်မလွှတ်ဘူး မဆုံးဖြတ်ရသေးခင်မှာ အဲ့ဒီ အဖြစ်အပျက်ကနေရလာတဲ့ မကောင်းတဲ့ခံစားချက်တွေကို အရင်စဉ်းစားပါ။
အတိတ်ဟာ ပြန်ပြင်လို့မရတော့ဘူးဆို တာသိထားပါ။ ကိုယ့်ကို နာကျင်အောင်လုပ်သွားတဲ့လူကို ဒေါသတွေထွက်နေလည်း ဖြစ်ခဲ့တဲ့ကိစ္စက ပျောက်သွားမှာ မဟုတ်ဘူးဆိုတာကိုလက်ခံပါ။ ဒီအဆင့်ဟာ ကိုယ်သူ့ကိုခွင့်လွှတ်သင့်လား မလွှတ်သင့်ဘူးလား သေချာစဉ်းစားရမ ယ့်အဆင့်ပါပဲ။
သေချာစဉ်းစားပြီးပြီဆိုရင်တော့ ဆုံးဖြတ်ချက်ချပါ။ ကိုယ့်ဆုံးဖြတ်ချက်ပေါ်မူတည်ပြီး ခွင့်လွှတ်ခြင်းရဲ့ အစ ဒါမှမဟုတ် အဆုံးဖြစ်သွားနိုင်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ အဲ့ဒီလူနဲ့သင်ရဲ့ ဆက်ဆံရေးကို ဆက်ပြီး အကျိုးသက်ရောက်သွားမှာမို့ ပေါ့ပေါ့တန်တန်မတွေးပါနဲ့။
အကယ်၍ကိုယ့်ကို နာကျင်အောင်လုပ်တဲ့သူဟာတမင်မရည်ရွယ်ဘဲဖြစ်သွားတာမျိုးဆိုရင်တော့ သူနဲ့အရင်တုန်းကရှိခဲ့ဖူးတဲ့ ဆက်ဆံရေးမျိုးပြန်ရအောင်တည်ဆောက်ပါ။ ဒါမှမဟုတ် နောက်ထပ် ကိုယ့်ကိုနာကျင်အောင်လုပ်မယ့်လူမျိုးဆိုရင်တော့း ထပ်ပြီးမပတ်သက်တော့တာအကောင်းဆုံးပါပဲ။
ခွင့်လွှတ်တယ်ဆိုတာသူများအတွက်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ တကယ်တော့မဟုတ်ပါဘူး။ သူများကိုခွင့်လွှတ်လိုက်တာဟာ ကိုယ့်အတွက်ကိုယ်လုပ်တာ၊ ကိုယ်ကိုယ်တိုင်ရဲ့လွတ်မြောက်ခြင်းပေါ့။
ကိုယ့်အပေါ်အမှားလုပ်ခဲ့တဲ့လူကို ခွင့်လွှတ်လိုက်ပါ။ ဒီအဆင့်ဟာခက်ခဲနိုင်သေးပေမယ့် ကိုယ်တကယ်ခွင့်လွှတ်နိုင်သွားတဲ့အချိန်မှာ သူတို့ဆီကတုံ့ပြန်မှုက ကိုယ့်အတွက်အရေးမပါတော့ပါဘူး။ တကယ် အရေးပါတာက ကိုယ်ဟာ ဖြစ်ခဲ့သမျှကို လက်လွှတ်နိုင်ပြီး လွတ်မြောက်သွားတဲ့နည်းလမ်းကို တွေ့ခဲ့တာပဲမဟုတ်လား?
ကဲ… ဒီတော့စာဖတ်သူတွေထဲမှာလည်း ကိုယ့်အပေါ်အမှားလုပ်ထားတဲ့လူတွေရှိနေရင် အခု ပြည့်ရေးထားတာလေးကိုဖတ်ပြီး အတတ်နိုင်ဆုံးခွင့်လွှတ်နိုင်ကြပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ဘဝကိုဖြတ်သန်းနိုင်ကြပါစေနော်...။
Comments
Post a Comment