သင်တို့ရော မကောင်းမှန်းသိသိလျှက်နဲ့ အတွေးတွေလွန်ခဲ့ဖူးကြပါသလား .. 🧐

 

ကျွန်တော်တို့ရဲ့စိတ်တွေက အင်မတန်မှ ဆန်းကြယ်တဲ့အရာဖြစ်ပေမယ့် တစ်ခါတလေမှာတော့ ထိန်းချုပ်မရဖြစ်တတ်တတ်ပါတယ်။ စိတ်ကြောင့်သာ အတွေးအခေါ်ဆိုတာ ဖြစ်တည်လာပြီး၊ လူသားတွေဟာ တခြားသက်ရှိတွေထက် သာလွန်တဲ့မျိုးစိတ်ဖြစ်လာတယ်ဆိုတာ အငြင်းပွားစရာမရှိပါဘူး 😇

သို့ပေမယ့်လည်း စိတ်ဆိုသည်မှာ အကောင်းတွေချည်း အကျိုးပေးနေသည်တော့မဟုတ်ပေ။ တချို့‌သူတွေအတွက် စိတ်ဟာ ကိုယ်တိုင်တောင် မထိန်းလိုက်နိုင်ဘဲ ဆိုးရွားတဲ့အတွေးတွေ၊ မလိုအပ်တဲ့အတွေးတွေ၊ ဒုက္ခရောက်စေမယ့် အပျက်သဘောဆောင်တဲ့အတွေးတွေကိုလည်း ဖြစ်စေတတ်ပါတယ်။
ဒါကြောင့်ပဲ ကျွန်တော်တို့ အတွေးလွန်သွားတဲ့အခါ ကောင်းကျိုးထက် ဆိုးကျိုးကပိုများတဲ့အချိန်တွေ ကြုံတွေ့ရခြင်းမဟုတ်ပါလား ❎
ဒီနေ့မှာတော့ အတွေးလွန်ခြင်းကြောင့် ဘယ်လိုအန္တရာယ်တွေရှိနိုင်သလဲဆိုတာနဲ့ အတွေးမလွန်အောင် ဘယ်လိုထိန်းချုပ်ကြမလဲဆိုတာကို ကျွန်တော်က မျှဝေပေးသွားမှာဖြစ်ပါတယ်။
Designed by Pyae Paing
Written by Htoo Aung ZawImage may contain: text that says "TRI EXTREME ANXIETY"
1️⃣ အလွန်အမင်းစိုးရိမ်ပူပန်ခြင်း

အတွေးတွေဟာ ဝမ်းနည်းမှု၊ ဒေါသ၊ ကြောက်လန့်ခြင်း စတဲ့ခံစားချက်တွေကို ဖြစ်ပေါ်စေပါတယ်။ အတွေးလွန်သူဟာ ခံစားချက်ပိုများပါတယ်။ ဒါကြောင့် အလွန်အမင်း စိတ်ပူတတ်သူတွေဟာ အတွေးလွန်တဲ့သူတွေပါပဲ 💭

သူတို့ဟာ စိတ်ထဲမှာ ဖြစ်မလာသေးတဲ့ကိစ္စတွေကို ကြိုတင်စဉ်းစားမိနေတတ်ပြီး ရာချီတဲ့ဖြစ်နိုင်ချေတွေကို တွေးပူမိပါတော့တယ်။ အနာဂတ်ကို ကြိုတွေးနေတဲ့အတွက် ပစ္စုပ္ပန်မှာ စိတ်ကရှိမနေတော့ဘဲ ပူလောင်စရာတွေ အလိုလို‌ရောက်လာပါတယ်။

ပုံမှန်စိုးရိမ်ပူပန်ခြင်းကနေ နောက်ဆုံးမှာ သတ်သေဖို့အထိ အတွေးတွေပါ ဝင်လာတတ်တာဟာ ကြောက်စရာပါပဲ ❌ အတွေးလွန်ခြင်းကနေ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသူပေါင်းများစွာရှိတာဟာ သတိပြုစရာပါ.
Image may contain: text  
2️⃣စိတ်ဓာတ်ကျခြင်း

အနာဂတ်ကိုကြိုတွေးတာကြောင့် စိုးရိမ်ပူပန်ရသလို အတိတ်မှာပိတ်မိနေတာကြောင့်လည်း စိတ်ဓာတ်ကျလာနိုင်ပါတယ်။ တချို့သူတွေဟာ သူတို့ရဲ့အတိတ်ကအမှောင်ထုကို တစ်သက်လုံးပွေ့ပိုက်ထားတတ်ကြတယ်။ “ငါသာ အဲဒီလိုမလုပ်ခဲ့ရင်” ဆိုတဲ့အတွေးတွေဝင်ပြီး အမြဲ နောင်တတွေနဲ့ပဲ နေထိုင်ကြပါတယ်။
“___ခဲ့ရင်၊ ____မ_ခဲ့ရင် ” ဆိုပြီးတွေးနေတာက ပြောင်းလဲလို့မရနိုင်တော့တာကို လက်မခံတာပါ။ စိုးရိမ်ပူပန်ခြင်းကဲ့သို့ပဲ စိတ်ဓာတ်ကျရာကနေ ‌Suicide ဖို့အထိ တွန်းပို့နိုင်တဲ့ အခြေအနေတစ်ခုဖြစ်လာနိုင်ပါတယ်။ 🤕Image may contain: one or more people and text 
3️⃣အိပ်မပျော်နိုင်ခြင်း

အိပ်ချင်နေပေမယ့် အတွေးပေါင်းစုံ ခေါင်းထဲရောက်ရောက်လာတာကြောင့် အိပ်မရတာမျိုး ကြုံဖူးကြတယ်မဟုတ်လား။

အိပ်မရခြင်းရဲ့ အဓိကတရားခံဟာ အိပ်မပျော်မှာကိုစိုးရိမ်တဲ့စိတ်ပါ။ ဒီအချက်ဟာ အလွန်အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်ဝောာ်တို့အားလုံး နေ့ခင်းဘက်မှာ ကျန်းကျန်းမာမာနေထိုင်နိုင်ဖို့ဆိုတာ အိပ်စက်အနားယူထားမှသာ ဖြစ်နိုင်တာပါ 🛌

တွေးလေ အိပ်မရလေ၊ အိပ်မရလေ တွေးလေနဲ့ အဆုံးမသတ်နိုင်တော့ဘဲ မနက်မိုးလင်းသွားတဲ့နေ့တွေ များလာရင် ကျန်းမာရေးကိုသိသိသာသာ ထိခိုက်လာမှာပါ။ 🤒Image may contain: text that says "HESITATION BEATRIX HESITATION YES දත NO"  
4️⃣တုံ့ဆိုင်းခြင်း

အတွေးလွန်ခြင်းဟာ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက် ချနိုင်စွမ်းကို ကျဆင်းစေပါတယ်။ အတွေးလွန်သူမို့ စိတ်ထဲမှာ ရွေးချယ်စရာတွေများနေမှာပါ။ ဘယ်အရာကို ရွေးချယ်ရမလဲဆိုတာ ဝေခွဲမရဖြစ်လာပါလိမ့်မယ်။ 😵

အတွေးပေါင်းစုံကြောင့် တုံ့ဆိုင်းပြီးဆုံးဖြတ်ချက်မချနိုင်တဲ့အခါ အခွင့်အရေးပေါင်းများစွာကိုလက်လွှတ်လိုက်ရပါတယ်။ တကယ်တမ်းမှာ အောင်မြင်လာနိုင်တဲ့ လုပ်ငန်းတွေဟာလည်း သံသယတွေကြောင့် အကောင်အထည်ပေါ်မလာနိုင်တော့ပါ။

အတွေးလွန်တာဟာ လူတစ်ယောက်ကို လုံးဝကျရှုံးသွားစေနိုင်ပါတယ်။ ဒါဆို ကျွန်တော်တို့ ဘယ်လိုထိန်းချုပ်ကြမလဲ။ 
 Image may contain: 1 person, textအတွေးမလွန်အောင် ဘယ်လိုထိန်းချုပ်ကြမလဲ

ပြဿနာအများစုရဲ့အရင်းအမြစ်ဟာ တွေးလွန်းတာကြောင့်ပါ။ ဒါပေမယ့်လည်း အတွေးမလွန်အောင် ထိန်းချုပ်ဖို့ နည်းလမ်းတွေရှိပါသေးတယ်။ အဲဒီထဲကမှာ သင့်ဝောာ်မယ့် နည်းလမ်း (၃) ခုကို ကျွန်ဝောာ်မျှဝေပေးပါ့မယ်။

🔰 တရားထိုင်ခြင်းက စိတ်ကိုငြိမ်သက်စေဖို့ အရိုးရှင်းဆုံးဆေးပါပဲ။

🔰 လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဖြင့်လည်း စိတ်ကိုထိန်းထားနိုင်ပါတယ်။

🔰 နောက်ဆုံးတစ်ခုက သိပ်အံ့ဩဖို့ကောင်းပါတယ်။ မိမိအခန်းကိုမိမိ ပုံမှန်ရှင်းခြင်း၊ ‌သပ်ရပ်စွာပြင်ဆင်ထားခြင်းကလည်း အတွေးလွန်တာကို ထိန်းချုပ်နိုင်ပါတယ်တဲ့။

ဒီနည်းလမ်းတွေဟာ ချက်ချင်းသိသာလာမယ့် နည်းလမ်းတွေမဟုတ်တာမလို့ Beatrixers တို့အနေနဲ့ စိတ်ရှည်ဖို့တော့လိုပါမယ်။ အကျိုးသက်ရောက်မှုရှိတဲ့အရာတိုင်းဟာ အချိန်တော့ယူရတယ်မဟုတ်ပါလား။ ‌🙌🏻

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱