မကောင်းမြင်တဲ့အတွေးတွေကိုဘယ်လိုဖျောက်မလဲ?

 မကောင်းမြင်တတ်တဲ့အတွေးတွေကို ဘယ်လိုဖျောက်မလဲ🌻



ဒီတစ်ခေါက်မှာတော့ Stella က Volunteer အဖြစ်လုပ်တာ နောက်ဆုံးအပတ်လည်း ဖြစ်တာကြောင့် Beatrixersတို့ရဲ့ နေ့စဥ် ဘဝမှာ၊ ဘဝတစ်လျှောက်လုံးမှာအရမ်းအရေးကြီးတဲ့ တန်ဖိုးရှိတဲ့အရာတစ်ခုကို ဒီနေ့မှာ ပြောပြချင်ပါတယ်။🐝

 

`Negative´

 

ဒီစကားလုံးလေးကို ပရိသတ်ကြီးတို့ ကြားလိုက်တာနဲ့ ဘယ်လို ခံစားမိကြလဲ။

 

အရမ်းကို မကောင်းတဲ့အရာလို့ ခံစားမိမှာပါ ဟုတ်တယ်ဟုတ်‼️

 

ဒီလိုပဲ Negative Thinking (မကောင်းမြင်တဲ့အတွေး) တွေဟာ အရမ်းကို ကြောက်စရာကောင်းပြီး အန္တရာယ်ရှိသွားပါတယ်။

 

ဘာကြောင့် အန္တရာယ်ရှိတာလဲဆိုတော့ Stellaတို့ဟာ နေ့တိုင်း အတွေးတွေနဲ့ အလုပ်လုပ်နေရတာပါ။ အဲ့ဒီအတွေးထဲမှာ မကောင်းတာတစ်ခုခု ပါလာပြီဆိုရင် အလုပ်မှာပဲ ဖြစ်ဖြစ်၊ မိသားစုမှာပဲဖြစ်ဖြစ်၊ သူငယ်ချင်း အချင်းချင်းပဲဖြစ်ဖြစ် လုံးဝ အဆင်မပြေတော့ပါဘူး။❌

 

ဘယ်နေရာမှာမဆို အကောင်း နှင့် အဆိုး အမြဲ ဒွန်တွဲနေမှာပဲ လို့ ဆိုတဲ့အတိုင်း Stellaတို့ နေ့စဥ် ဘဝမှာ Postive Thoughts ( အကောင်းမြင်စိတ်) ချည်းပဲမရှိနိုင်ပါဘူး။

 

အနှောင့်အယှက် မကောင်းမြင်တဲ့စိတ်က Stellaတို့ ဦးနှောက်ထဲကို အားရင်အားသလို ဝင်ကြမှာပါ။

 

ဒါကြောင့်မလို့ စိတ်ဆင်းရဲတာတွေ၊ ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်တာတွေ၊ သံသယဝင်တာတွေ၊ ဒေါသတွေ အဆိုးဆုံး suicide ⚠️အထိတောင် ဖြစ်ကြပါတယ်။

 

ဒါဆို မကောင်းတာတွေးခြင်း ( Negative Thinking)ကို Stellaတို့ ဘယ်လို ရင်ဆိုင်ကြမလဲ။💪🏼

 

🌻 ခန္ဓာကိုယ်အနေအထားကို ပြောင်းပါ။

 

ခါးကုန်းကုန်းနဲ့  ပုထိုင်နေတဲ့ အမူအရာတွေ ငိုင်နေတဲ့အမူအရာတွေက Negative thoughts ဝင်ဖို့ အကောင်းဆုံးအချိန်ပါတဲ့။

 

တကယ်လို့ ကိုယ်က အဲ့လို ထိုင်နေမိပြီဆိုရင် ခါးကို တန်းမတ်ပြီး မတ်မတ်လေးထိုင်ပါ။ ပြီးတော့ ပြုံးထားပြီး ကိုယ့်ရဲ့ အမူအရာလေးကို ပြောင်းလိုက်ပါ။

 

 ဒါဆို Negative thoughtsတွေ တဖြည်းဖြည်း ပျောက်သွားပါလိမ့်မယ်။

 

🌻. ဖြေရှင်းပါ။

 

တစ်ခါတလေကျရင် ​ဖြေရှင်းဖို့ လိုအပ်တဲ့ ပြဿနာတွေ ရှိတတ်ပါတယ်။ မဖြေရှင်းဘဲ ထားလိုက်ရင် အဲ့ဒီ့အတွေးက ခဏခဏ Negativeအနေနဲ့ ခေါင်းထဲမှာ ပေါ်လာမှာပါ။

 

ပါးစပ်ကနေ ဖွင့်ပြောလိုက်ပါ။ ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်ပါ။ တိုက်ရိုက်ပြောပြီး ဖြေရှင်းလိုက်ပါ။🗣

 

🌻 စိတ်ကို လွှတ်ပေးထားလိုက်ပါ။


ကိုယ့်ရဲ့ Brainကို အချိန်ခဏလောက် သတ်မှတ်ပြီးတော့ အနားပေးလိုက်ပါ။ အတွေးတွေက အရမ်းများပြီး ရှုပ်ထွေးနေရင် ထိန်းချုပ်ဖို့ ခက်ခဲသွားပါလိမ့်မယ်။

တရားထိုင်တဲ့နည်းနှင့် ကိုယ့်ရဲ့စိတ်ကို ရှင်းလင်းအောင် ထားပါ။ 🧘‍♀️

 

ဒါဆိုရင် အကောင်းမြင်စိတ်တွေက တဖွားဖွားပေါက်လာပါလိမ့်မယ်။ အဲ့ဒါ Stellaလက်တွေ့ပါ။

 

 

🌻 မတူညီတဲ့ပုံစံနဲ့ ပြောင်းတွေးကြည့်ပါ။


အတွေးတွေကို ပြောင်းပြီး တွေးကြည့်ပါ။

 ဥပမာ `ငါ ဒီခက်ခဲတဲ့ အခြေအနေကို ဆက်သွားရင် ငါ့မှာ ပြဿနာတွေ ရှိလိမ့်မယ် ငါကျော်နိုင်မှာမဟုတ်ဘူး လို့ ​တွေးတာထက်ဘယ်လောက် ခက်ခဲ ခက်ခဲ ငါ အဖြေတွေကို ရှာဖွေရင်း ကျော်ဖြတ်သွားမယ်´🤩 လို့ တွေးလိုက်ရင် Positiveဘက်ကို သွားတာကို သတိထားမိမှာပါ။

 

🌻 အသစ်းအဆန်းပုံစံတစ်ခုလုပ်ကြည့်ပါ။

 

တစ်ခုခု မကောင်းတာ တွေးမိပြီဆိုရင် ချရေးပါ။ ပုံဆွဲပါ။ အရောင်ခြယ်ပါ။ 🎨ပြီးရင် creativeဆန်ဆန် ဆွဲပါ။ အတွန့်တွေ အတက်တွေ ထပ်ထည့်ပါ။ ကိုယ်သဘောကျ ကြိုက်နှစ်သက်တဲ့ ပုံစံလေးတွေ ထပ်ဆွဲပါ။ ဒါဆို ပေါ့ပါးသွားပြီးတော့ အဲ့အတွေးကို နားလည်ပြီး ထိန်းချုပ်နိုင်သွားပါလိမ့်မယ်။🧚‍♀️

 

🌻 လမ်းလျှောက်ပါ။

 

ကိုယ့်ကိုယ်ကို သံသယဝင်တာ ဒေါသထွက်တာ စတာတွေကို ဖြစ်ပေါ်လာစေတဲ့ အရာဆိုတာရှိပါတယ်။ဘာလဲဆိုတော့ ကိုယ့်ပတ်ဝန်းကျင်က အဆိုးမြင်ဝါဒသမားတွေနှင့်ပဲ စုနေရင် ဖြစ်မှာပါပဲ။

 

American စာရေးဆရာ Mark Twainပြောသလိုပဲ

အဲ့လို အခြေအနေကြုံရပြီဆိုရင် 


`Don't walk away from negative people- Run!´

 

ဖြေးဖြေးလေး လမ်းလျှောက် မသွားပါနှင့်။ တတ်နိုင်သမျှ မြန်မြန်လေးသာ ရှောင်ထွက်သွားလိုက်ပါ တဲ့။🏃‍♀️ပြီးတော့ relaxingဖြစ်စေမယ့် နေရာလေးတွေမှာ သွားနေလိုက်ပါ ဥပမာ.ဥယျာဥ်တို့ ပန်းခြံတို့လေကောင်းလေသန့် ရတဲ့နေရာတို့ပေါ့။☘️

 

🌻 ကောင်းမွန်တဲ့အရာလေးတွေကိုတွေးပါ။

 

တစ်ခါတရံမှာ ကိုယ်က အလုပ်တွေများနေရင် ကိုယ့်ကိုယ်ကို ချီးကျူးဖို့ ဂရုစိုက်ပေးဖို့ မေ့နေတတ်ပါတယ်။ ကိုယ့်ရှေ့မှာ ရှိနေတဲ့ ကောင်းတဲ့အရာတွေကို မမြင်ဘဲ ဖြစ်တတ်ပါတယ်။

 အဲ့မှာ Negative Thoughtsက လာပါပြီ။

 

ဒီလိုအချိန်မှာ ကိုယ့်ဘဝမှာ ​ကျေးဇူးတင်စရာကောင်းတာ ပျော်ရွှင်ခဲ့ရတဲ့အရာလေးတွေကို တွေးပေးနေပါ။ ပြီးရင် ကိုယ့်ကိုယ့်ကို ကျေးဇူးတင်ပါ။ ချီးကျူးပါ။👏

 

ဒါဆိုရင် Stellaရဲ့ ပရိသတ်ကြီးလည်း Negative Thinkingကို ချက်ချင်း တွန်းထုတ်နိုင်မှာပါ။

 

Stellaပြောတဲ့ နည်းလမ်းလေးတွေနဲ့ လုပ်ဆောင်ပြီး  Negative Thoughts ကင်းဝေးသော ပျော်ရွှင်သော ဘဝများ ပိုင်ဆိုင်နိုင်ပါစေ။

 

အခုချိန်ထိ Stellaရဲ့စာတွေကို  အားပေးခဲ့ကြတဲ့ တကူးတက အချိန်ပေးပြီး စာဖတ်ပေးကြတဲ့ပရိသတ် တစ်ဦးချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။

 

Take Care of Yourself, Guys.

 

Love all of U and Have Positive Life🐝

 

Written by

# Stella Pyae

 

Ref: https://thriveglobal.com/stories/7-ways-to-cleanse-your-mind-of-negative-thoughts/


Comments

Popular posts from this blog

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

ဘယ်လုပ်ငန်းအမျိုးအစားမဆို ​အောင်မြင်ဖို့အတွက် သိထားရမယ့် အရေးပါဆုံး Service Management အကြောင်း🏆

Facebook က ကျွန်မတို့ကိုအဆိပ်သင့်စေနေပြီလား🙁