Business Englishကို ဘယ်လိုတိုးတက်အောင်လုပ်မလဲ?

 ကိုယ့်ရဲ့ Business English ကိုဘယ်လိုတိုးတက်အောင် လုပ်မလဲ?🧑🏻‍💻


ကိုယ့်စီးပွားရေးကို နိုင်ငံတကာအထိ ထိုးဖောက် အောင်မြင်ရမယ်လို့ အိပ်မက်ကြီးကြီး မက်ထား တဲ့သူတစ်ယောက်က အဂ်လိပ်စာ skill မကောင်းပဲနဲ့ အဲ့အိပ်မက် တကယ်ဖြစ်လာနိုင်ပါ့မလား❓

နည်းနည်းလျှော့ပြီးပြောမယ်ဆိုရင် နိုင်ငံတကာကို ထိုးဖောက်ဖို့အထိတော့ မစဉ်းစားထားဘူး။🤔 ကိုယ့်နိုင်ငံ‌ထဲမှာပဲ အောင်မြင်ချင်တယ်ဆိုရင်ကော E-skill မကောင်းပဲနဲ့ သူများတကာထက် သာသွားနိုင်မယ်လို့ ထင်နေတုန်းလား။ ကိုယ်က အဲ့လိုထင်နေပြီဆိုရင် တခြားသူတွေက ဘာဖြစ်လို့များ English စာကို သဲကြီးမဲကြီး သင်နေကြတာလဲ ဆိုတာကို တွေးကြည့်မိစေချင်ပါတယ်။ 💭


သူတို့က ကိုယ်ဖောက်မယ့်လမ်းကြောင်းကို သူများတကာထက်သာအောင် ဘယ်လိုလုပ်မယ်ဆိုတာကို စဉ်းစားပြီးထားတဲ့သူတွေပဲဖြစ်ပါတယ်။ကိုယ်ပိုင်စီးပွါးရေးပဲလုပ်လုပ်၊ ကုမ္ပဏီမှာပဲလုပ်လုပ် လုပ်ငန်းခွင်ထဲက လုပ်ဖော်ကိုင်ဘက်တွေ၊🤝 လုပ်ငန်းရှင်တွေနဲ့ လိုအပ်လာရင် ကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံနိုင်ဖို့ သင်ဟာBusiness English( လုပ်ငန်းခွင်သုံးအင်္ဂလိပ်စကား)ကို အသင့်အတင့်သုံးတတ်ဖို့လိုပါတယ်။


စီးပွားရေးမှ မဟုတ်ပါဘူး ၊🙅 တခြားဘယ်‌နယ်ပယ်မဆို English စာက အရေးပါအရာရောက်တယ်ဆိုတာကို နှစ်ခါ ပြောစရာတောင်မလိုလောက်ဘူးထင်ပါတယ်။English စာလေ့လာရာမှာလည်း ကိုယ်က Business field ထဲမှာကျင်လည်နေတဲ့သူဆိုရင်တော့ Business englishကို formal ဆန်ဆန် လေ့လာလိုက်စား ဖို့လိုအပ်ပါတယ်။📚


အဲ့တော့ဘယ်လိုနည်းလမ်းတွေသုံးပြီးလေ့လာသင့်သလဲဆိုတာ အောက်ကပုံနဲ့စာလေးတွေမှာ ဆက်လက် ကြည့်ရှုပေးပါ။ 🐝👇🏼


Written by-Aung Myat Htet

Reference link

https://www.google.com/url?sa=t&source=web&rct=j&url=https://www.fluentu.com/blog/business-english/how-to-improve-business-english/&ved=2ahUKEwj40ZXk1rntAhUb6XMBHSRCATcQFjABegQIARAE&usg=



1️⃣ အကူအညီတောင်းပါ။မေးမြန်းပါ။ 🗣

- တစ်စုံတစ်ယောက်ကိုအကူအညီ တောင်း ရတာကိုမရှက်ပါနဲ့။ ကိုယ့်အခြေအနေက ဘယ်လိုရှိလဲဆိုတာကို တစ်ခါတစ်လေ ကိုယ့်ဟာကို စဉ်းစားတာထက် တခြားသူတွေရဲ့အမြင်ကို နားထောင်ပြီး ပြုပြင်ကြည့်တာက ပိုပြီးတော့ ထိရောက်ပြီး တိုးတက်လွယ်တာတွေ့ရပါတယ်။ ဒါကြောင့် ကိုယ်က project proposal တစ်ခုခုကို Manager ဆီ‌ တင်တော့မယ်ဆိုရင် မတင်ခင်လေးမှာ business english ကောင်းပြီးအတွေ့အကြုံရှိတဲ့ သူ တစ်ယောက်ယောက်ဆီကနေ အမြင်တွေ အရင်‌တောင်းခံကြည့်ပါ။ တကယ်လို့သူက ဒါကတော့မှားတယ်။ ဘယ်လိုသုံးရင် formal ပိုကျတယ်ဆိုတာမျိုးကို ပြောပြရင် ကိုယ်က အဲ့လိုမှားတဲ့ဟာတွေကိုမှတ်ထားရပါမယ်။ ဒီလိုမျိူး အမြင်တွေတောင်းခံရင်း ပြုပြင်ရင်းနဲ့ အကြိမ်ရေများလာပြီဆိုရင် ကိုယ့်ရဲ့ business english level က အလိုလိုတိုးတက်နေမှာဖြစ်ပါတယ်။ ဘာကြောင့်ဆိုတော့ ကိုယ်က ဘယ်နေရာမှာ ဘယ်လိုသုံးရမယ်ဆိုတာကို အတွေ့အကြုံအရ သိနေပြီမလို့ပါ။😉






2️⃣ စီးပွားရေးဆိုင်ရာ သတင်းတွေ၊ ဆွေးနွေးပွဲတွေကို နားထောင်ပါ။🎧


- နားထောင်ခြင်းဟာ တခြားနည်းလမ်းတွေထက် ပိုပြီးထိရောက်တဲ့ နည်းလမ်းလို့ပြောလို့ရပါတယ်။ ကိုယ်က သတင်း‌ တွေနားထောင်နေရင်းနဲ့ business အသုံးအနှုန်းတွေကို စိတ်က မှတ်ထားပြီးသား ဖြစ်နေမှာပါ။ ဒါကြောင့် တကယ် အသုံးလိုလာတဲ့ အချိန်ကျရင် ခက်ခက်ခဲခဲ ရှာကြံနေစရာမလိုပါဘူး။ ဒီ့အပြင် You-tube မှာ business နဲ့ ဆိုင်တဲ့ video လေးတွေကို subtitles on ပြီးတော့ ကြည့်ပေးဖို့ကိုလည်း recommend ပေးချင်ပါတယ်။✔️တစ်ခုရှိတာက နားထောင်တဲ့ အချိန်မှာစိတ်လွတ်ကိုယ်လွတ် နားထောင်နေတာထက် ငါEnglish စာကို လေ့လာနေတာ ဆိုတဲ့ အတွေးလေးနဲ့ သေချာ အာရုံစိုက်ပြီးနားထောင်ဖို့တော့လိုတာပေါ့နော်။ မဟုတ်ရင်တော့ ကိုယ့်အတွက် အချိန်ဖြုန်းရာပဲကျမှာပါ။❌




3️⃣ စကားလုံးအသစ်တွေ ချရေးပေးပါ။✍️


- စကားလုံးအသစ်(new phrasal verb)တွေချရေးပေးပါဆိုတော့ dictionary , google စတာတွေထဲက ရှာဖွေပြီး တကူးတက ရေးခိုင်းတာမဟုတ်ပါဘူး။ ကိုယ်လေ့လာနေတဲ့ ဟာတွေထဲက ပြီးတော့ ကိုယ်တွေ့ကြုံနေရတဲ့ အခြေအနေထဲက နေ တွေ့ရတဲ့ စကားလုံးအသစ်တွေကို နေ့စဉ်ချရေးပေးဖို့ပါ။ ဆိုတော့ ကိုယ်က မျက်စိပွင့်နားပွင့်ရှိဖို့တော့လိုပါတယ်။ ဘယ်အချိန်မဆို သင်ယူမှတ်သားချင်တဲ့ စိတ်နဲ့ အလုပ်လုပ်ပါ။ အဲ့ဒီလို ပြောလို့ တစ်နေ့တည်းနဲ့ အလုံး၂၀ လောက်တခါတည်းကောက်မှတ်လိုက်တာမျိုး မလုပ်ပါနဲ့။ 🙅တစ်နေ့ကို အနည်းဆုံး ၃လုံးကနေ  ၇လုံးအထိပဲ မှတ်ပါ။ တကယ်လို့ အပေါ်က ပြောခဲ့သလို business meeting တွေနားထောင်တဲ့အခါမှာ ကိုယ်မသိတဲ့ စကားလုံးတွေ အများကြီးပါနေရင်လည်း အားလုံးကို ချမရေးပါနဲ့။ ၇‌လုံးပဲ အများဆုံးရေးပေးပါ။ နောက်နေ့တွေမှာ တစ်ခေါက် ပြန်နား‌ ထောင်ပြီး ‌ရေးပေးသွားလို့ရပါတယ်။ 📔ဆိုတော့ စာအုပ်မှာပဲဖြစ်ဖြစ် ဖုန်းထဲက notebook မှာပဲဖြစ်ဖြစ် ချရေးတတ်တဲ့ အလေ့အကျင့်လေး လုပ်ပေးဖို့လိုပါတယ်။



4️⃣ Practice များများလုပ်ပေးပါ။🌟


- ဒီအချက်ကတော့ အထူးပြောနေစရာမလိုပ့ါဘူးနော်။ English စာကိုလေ့လာနေတဲ့သူတိုင်း သိသင့်တဲ့ အချက်လေးပါ။ ဒါကြောင့် Business english ကို ထဲထဲဝင်ဝင်လေ့လာနေတဲ့ အချိန်မှာလည်း ကိုယ်က ပုံမှန်လေး လေ့ကျင့်ပေးနေဖို့လိုအပ်ပါတယ်။ ✔️လေ့ကျင့်ရာမှာလည်း စာတွေ့ အပြင် လက်တွေ့လည်း လုပ်ကြည့်စေချင်ပါတယ်။ ကိုယ့်ပါတနာ တစ်ယောက်‌ယောက်နဲ့ englishလိုအစမ်းပြောကြည့်တာမျိုး၊ business အသုံးအနှုန်း အပြည့်အစုံနဲ့ email တစ်စောင် ရေးပို့ကြည့်တာမျိုးတွေကို လုပ်ကြည့်စေချင်ပါတယ်။ ဒါမှမဟုတ် မှန်ကိုကြည့်ပြီးတော့ ကိုယ့်ရဲ့ အထက်လူကြီး တစ်ယောက်ကို ပြောသလိုပုံစံမျိုး လေ့ကျင့်လို့လည်း ရပါတယ်နော်။😉



5️⃣ အချိန်ကို အမျှော်အမြင်ရှိရှိနဲ့သုံးစွဲပါ။🕰


-ဒီစကားက နည်းနည်းကြီးကျယ်သလိုများဖြစ်နေမလား။ တကယ်ကတော့ ကိုယ့်ရဲ့အလေ့အကျင့်တွေကို ကောင်းတဲ့ အလုပ်ဘက်‌ပြောင်းစေချင်တာပါ။ အဲ့ဒါကဘာတွေလဲ❓ လူတိုင်းမှာ ဘာမှမလုပ်ရပဲနဲ့ တစ်စုံတစ်ခုကို စောင့်နေရတဲ့ အချိန်ပို‌ လေးတွေရှိကြပါတယ်။👍🏼 bus ကား စီးရတဲ့ အချိန်မျိုး၊ မှတ်တိုင်မှာစောင့်နေရတာမျိုး၊ Menu မှာပြီး‌စောင့်နေရတဲ့ အချိန်မျိုး စသဖြင့် ဒီလိုအချိန် တွေမှာ ကိုယ်တစ်နေ့တာလေ့လာပြီးတဲ့ စာတွေပြန်စဉ်းစားနေတာမျိုး၊ ဖုန်း‌သုံးနေရင်လည်း social media သုံးနေမယ့်အစား business news တွေဖတ်တတ်တဲ့ အကျင့်မျိုးတွေလုပ်ကြည့်စေချင်ပါတယ်။


နောက်တစ်ခုက မနက်ကို ကိုယ်ထနေကျ အချိန်ထက် နာရီဝက်စောပြီးထပေးပါ။🕔 ပြီးတော့

15မိနစ်စာလောက်လေး english စာလေ့လာကြည့်ပါ။📝 ဒီလိုနေ့တိုင်းလုပ်လာတဲ့ အလေ့အကျင့်က တစ်နှစ်ပြည့်တဲ့ အချိန်ကျရင် နာရီပေါင်းကိုးဆယ်လောက် လေ့ကျင့်ပြီး ဖြစ်သွားပါလိမ့်မယ်။ဒါဆိုကိုယ့်ရဲ့  business english skill က ဘယ်လောက်ထိတောင်တိုးတက်နေပြီလဲဆိုတာ ခန့်မှန်းကြည့်လို့ရပါပြီ။နောက် မအိပ်ခင် ဆယ်မိနစ်အလိုမှာလည်း စိတ်ထဲကနေ ကိုယ့်လုပ်ငန်းခွင်မှာ english လိုပြောနေရတဲ့ အခိုက်အတန့်လိုမျိုး တွေးပြီးတော့ စကားတွေပြောကြည့်ပေးပါ။ facebook newsfeed တွေဆွဲပြီး အချိန်တွေကုန်ဆုံးနေတာထက် အဲ့ဒီ့ အချိန်လေးမှာ ကိုယ်ရေးမှတ်ထားတဲ့စာတွေကို ပြန်နွေးကြည့်ပါ။ ကိုယ်ရဲ့ မှတ်စုတွေကိုထုတ်ဖတ်ပါ။ ဒီလိုလုပ်တတ်တဲ့ အကျင့်က စိတ်ကိုပျော်ရွှင်စေ နိုင်သလိုself-confidence ဖြစ်စေမှာပါ။🧑🏻‍💻


ဒီနည်းလမ်းငါးမျိုးက အားလုံးသိကြပြီးသား၊ ရင်းနှီးကြပြီးသားနည်းလမ်းတွေဆိုတာသိပါတယ်။😌 ဒါပေမယ့် ကိုယ်က အချိန်ကိုမစီမံနိုင်တာကတစ်ကြောင်း၊ ပုံမှန်မလုပ်တာကတစ်ကြောင်းကြောင့် ဒီနည်းလမ်းတွေက အလုပ်မဖြစ်တာပါ။ ဒါကြောင့်မလို့ ဘာပဲလုပ်လုပ် ကြိုးစားလိုစိတ်ရှိဖို့ရယ်၊ ပုံမှန်လုပ်တတ်တဲ့ အကျင့်ရှိဖို့ရယ်လိုအပ်ပါတယ်။ ✔️


ဆိုတော့ Beatrrixers🐝တို့ကအပေါ်က ပြောပြသွားတဲ့ နည်းလမ်းတွေကိုကျင့်သုံးပြီးတော့ ကိုယ့်မှာ လိုအပ်နေတဲ့ skill တွေကိုဖြည့်လိုက်ကြ‌ရအောင်🥳


Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱