Gender Discrimination At Workplace
Hello!အားလုံးပဲမင်္ဂလာပါရှင်🐝
ဒီနေ့ ဒီအချိန်ထိ လုပ်ငန်းခွင်တွေမှာ ကျား/မတန်းတူညီမျှမှုမရှိဘဲ အနည်းနဲ့အများဆိုသလို ခွဲခြားဆက်ဆံခံနေရတယ်ဆိုတာသင်သိပါသလား❓
ကျား/မတန်းတူညီမျှမှုရှိခြင်းဟာ စီးပွားရေးလုပ်ငန်းတွေမှာဘယ်လိုအရေးကြီးသလဲ❓ ဘာကြောင့်လဲ⁉️
Gender discrimination တွေဟာနေရာတိုင်းမှာရှိနေနိုင်ပေမယ့်
အခုကတော့ business နဲ့ပတ်သက်တာလေးတွေကိုမျှဝေပေးသွားပါမယ်။🚻
ကဲ...စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီ article လေးကိုဆက်လက်ဖတ်ရှုပေးပါနော်။😉
Written by
Pyae
Ref:https://www.indeed.com/hire/c/info/gender-inequality-in-the-workplace
https://www.asyousow.org/blog/gender-equality-workplace-issues?format=amp
ဒီတော့ ပထမဆုံး gender discrimination at workplace ဆိုတာဘာလဲ❓
▪️Gender discrimination ဆိုတာကတော့ ကျား/မခွဲခြားဆက်ဆံခံရခြင်းကိုဆိုလိုပါတယ်။ လုပ်ငန်းတစ်ခုခုမှာအလုပ်လုပ်နေတဲ့ ဝန်ထမ်းတစ်ယောက်ကို သူရဲ့ gender ကြောင့် တစ်ခြားဝန်ထမ်းတွေထက်နှိမ့်ချပြီးဆက်ဆံတာ၊ မမျှမတဆက်ဆံတာ၊ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေမပေးတာကိုခေါ်ပါတယ်။
💭Gender discrimination လို့ပြောလိုက်ရင်လူတွေက အမျိုးသမီးတွေနဲ့ဆိုင်တဲ့ကိစ္စလို့ပဲထင်တတ်ကြပါတယ်။ တကယ်တော့ဒီကိစ္စဟာ အမျိုးသမီးရော၊ အမျိုးသားတွေအပေါ်မှာပါသက်ရောက်နေတယ်ဆိုတာ သတိပြုစေချင်ပါတယ်နော်❗️❗️
👉Gender discrimination ဆိုတာကိုပိုပြီးနားလည်အောင် ဥပမာတစ်ခုပြောရမယ်ဆိုရင်တော့ အမျိုးသမီးဝန်ထမ်းတစ်ယောက်ဟာ လုပ်ငန်းခွင်မှာသူမ ဖြစ်စေချင်တဲ့ အတွေးအခေါ်တွေ၊ အကြံဉာဏ်တွေကို တစ်ခြားသူနဲ့ဆန့်ကျင်ပြီးထုတ်ဖော်ပြောဆိုမယ်ဆိုရင် ဒါဟာသူမကို aggressive ဖြစ်တဲ့သူ(ဒါမှမဟုတ်) ရန်လိုတတ်တဲ့သူလို့အများကသတ်မှတ်ကြပါလိမ့်မယ်။ ဒါပေမယ့် သူမနေရာမှာအမျိုးသားတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ဒီလူဟာပြောရဲဆိုရဲရှိသူ၊ ဦးဆောင်နိုင်တဲ့သူလို့သတ်မှတ်ကောင်းသတ်မှတ်ပါလိမ့်မယ်။ ဒီလိုခွဲခြားပြောဆိုခြင်းဟာ gender discrimination ပါပဲ။ ဒါဟာအရိုးရှင်းဆုံးဥပမာပေးတာဖြစ်တဲ့အတွက် နေရာတိုင်းမှာ ဒီလိုဖြစ်နေတယ်လို့မဆိုလိုပါဘူးနော်။
ဘယ်လိုအချက်တွေကြောင့် gender discrimination ဖြစ်စေသလဲ❓
▪️၁။ လစာအညီအမျှမရရှိခြင်း💸
အရည်အချင်းတူတဲ့ အမျိုးသားနဲ့ အမျိုးသမီးဝန်ထမ်းတွေရဲ့ လစာကိုယှဉ်ကြည့်ရင် အမျိုးသမီးတွေရဲ့လစာဟာ ပိုနည်းနေတာကိုတွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ society မှာလည်း အမျိုးသမီးတွေထက် အမျိုးသားတွေရဲ့လုပ်အားကိုပိုပြီးအလေးထားတာကြောင့် အဲ့ဒီအပေါ်လိုက်ပြီးရတဲ့လစာတွေကလည်းကွာခြားသွားပါတယ်။
▪️၂။ ရာထူးအခွင့်အရေးနည်းပါးခြင်း
အချို့အမျိုးသမီးတွေဟာ အမျိုးသားတွေထက်ပညာအရည်အချင်း၊ အတွေ့အကြုံပိုရှိပေမယ့် လုပ်ငန်းခွင်မှာတော့ ရာထူးမြင့်တဲ့နေရာတွေမရကြပါဘူး။ အမျိုးသမီးတွေဟာ အိမ်ထောင်ကိုထိန်းသိမ်းဖို့၊ ကလေးတွေကိုစောင့်ရှောက်ဖို့ပဲလိုတယ်လို့ စွဲမြဲလာတဲ့ mindset ကြောင့် လုပ်ငန်းအတွင်းစီမံအုပ်ချုပ်ရတဲ့နေရာတွေ၊ ဆုံးဖြတ်ချက်ချမှတ်ရတဲ့ရာထူးမျိုးတွေမှာ အမျိုးသမီးတွေကိုနေရာပေးလေ့မရှိကြပါဘူး။🚫
▪️၃။ Sexual harassment(လိင်ပိုင်းဆိုင်ရာစော်ကားခြင်း)
ရုံးတွေ၊အလုပ်ခွင်တွေမှာ များသောအားဖြင့်အမျိုးသမီးတွေကို နှုတ်နဲ့ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ မသင့်တော်တဲ့စကားလုံး အပြုအမူတွေနဲ့ လိင်ပိုင်းဆိုင်ရာစော်ကားခြင်းတွေက အခုအချိန်ထိရှိနေပါသေးတယ်။ ဒီလုပ်ရပ်တွေက အမျိုးသမီးတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းကိုနည်းပါးစေပြီး သူတို့ရဲ့လွတ်လပ်ခွင့်နဲ့ လုံခြုံမှုကိုများစွာထိခိုက်နစ်နာစေပါတယ်။🙅♀️
▪️၄။ မိမိ၏ပါဝင်ဆောင်ရွက်မှုကိုတန်ဖိုးမထားခြင်း၊ နှိမ့်ချခြင်း
Gender ပေါ်မူတည်ပြီး အလုပ်မှာကိုယ့်ရဲ့လုပ်ဆောင်မှုတွေကိုတစ်ဆင့်နှိမ့်ပြီးဆက်ဆံခံရတာ၊ ကိုယ့်အတွေးအခေါ်တွေကို အလေးထားမခံရခြင်းတွေဟာ ကိုယ်တိုင်ရဲ့ လုပ်နိုင်စွမ်းတွေကိုလျော့ကျစေပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ် 😓 အဲ့လိုခွဲခြားဆက်ဆံခံရခြင်းတွေဟာ တစ်ဦးတစ်ယောက်အတွက်သာမဟုတ်ဘဲ community တစ်ခုလုံးကိုပါထိခိုက်စေနိုင်တယ်ဆိုတာ အထူးဂရုပြုဖို့လိုအပ်ပါတယ်။
Gender equality ရှိခြင်းဟာ စီးပွားရေးလုပ်ငန်းတစ်ခုမှာ ဘယ်လောက်အရေးပါသလဲ❓
▪️လုပ်ငန်းခွင်အတွင်းကျား/မ တန်းတူညီမျှမှုဟာ လုပ်ငန်းလုပ်ရာမှာအသေအချာထည့်သွင်းစဉ်းစားသင့်တဲ့အအကြောင်းအရာတစ်ရပ်ပဲဖြစ်ပါတယ်✅
gender discrimination မဖြစ်အောင် လုပ်ဆောင်နိုင်မယ်ဆို သင့်လုပ်ငန်းတွင်းမှာ ပဋိပက္ခဖြစ်မှုတွေကို လျှော့ချနိုင်မယ်⬇️လုပ်ငန်းရဲ့ အကျိုးအမြတ်လည်းပိုပြီး ရရှိစေမှာအမှန်ပါပဲ။ ကျား/မတန်းတူညီမျှမှုဟာ မတူညီတဲ့လူတစ်ယောက်ချင်းစီရဲ့🤔အတွေးအခေါ်တွေ၊ အမြင်တွေ၊ အကြံဉာဏ်တွေကို ပိုရရှိစေတယ်။ အဲ့ဒါတင်မဟုတ်သေးပါဘူး။ လူတိုင်းလိုလိုဟာ ကျား/မတန်းတူညီမျှမှုကို အလေးပေးတဲ့လုပ်ငန်း/ ကုမ္ပဏီတွေမှာပဲ ပိုပြီးအလုပ်လုပ်ချင်ကြတာဖြစ်တဲ့အတွက် လုပ်ငန်းတစ်ခုစတင်တည်ထောင်တော့မယ်ဆို ကျား/မတန်းတူညီမျှမှုကို ဦးစားပေးထည့်သွင်းလုပ်ဆောင်ဖို့ အရမ်းကိုအရေးကြီးပါတယ်❕
ဒါဆို ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲ❓
☑️ Positive environment တစ်ခုဖြစ်လာတယ်။
ဝန်ထမ်းတွေဟာ သူတို့ကိုယ်သူတို့ တန်ဖိုးထားခံရတယ်၊ အလေးထားခံရတယ်လို့ ခံစားမိလာတာကြောင့် အလုပ်လုပ်တဲ့အခါ ပိုပြီး productive ဖြစ်လာမယ်။ ပြီးတော့ ကိုယ့်မှာမရှိတဲ့ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေရဲ့ အရည်အချင်းတွေကိုပိုပြီး သတိပြုလာမယ်။ အဖွဲ့အစည်းနဲ့ အလုပ်လုပ်ရတာပိုပြီး ပျော်စရာကောင်းလာမယ်။💪
☑️အသစ်အသစ်သော မတူညီကွဲပြားတဲ့အကြံဉာဏ်တွေရလာမယ်။🧠
လူတစ်ဦးနဲ့တစ်ဦး gender မတူကြသလို ရှိတဲ့အရည်အချင်းတွေကလည်း တစ်မူထူးခြားပြီး unique ဖြစ်ကြပါတယ်။ Workplace မှာကျား/မတန်းတူညီမျှစွာထားရှိတာကြောင့် မတူညီတဲ့စွမ်းရည်တွေကို ပေါင်းစပ်ပြီး ပိုမိုဆန်းသစ်အောင်မြင်တဲ့အလုပ်တွေကို လုပ်နိုင်မှာပါ။ 🧑💻
☑️မိမိလုပ်ငန်းရဲ့ ဂုဏ်သိက္ခာတိုးလာမယ်။
ကျား/မတန်းတူညီမျှမှုကို အလေးပေးခြင်းဟာ မိမိလုပ်ငန်းရဲ့ ရေရှည်အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်မှာပါ။ ဒါ့အပြင်ကိုယ့်လုပ်ငန်းအတွက် အလုပ်လုပ်ပေးချင်တဲ့လူတွေပိုများလာပြီး ပျော်ရွှင်စရာကောင်းတဲ့၊ productive ဖြစ်တဲ့ working environment ဖြစ်လာမှာ အသေအချာပါပဲ။🥳
☑️မတူညီတဲ့ communication ပုံစံကိုအသုံးချပြီး ပြဿနာတွေပိုနည်းအောင်လုပ်နိုင်မယ်။💬
ဝန်ထမ်းအချင်းချင်းရဲ့ ပြုမူပြောဆိုဆက်ဆံပုံ၊ ပြဿနာကိုကိုင်တွယ်ဖြေရှင်းနိုင်ပုံက လုပ်ငန်းတစ်ခုရဲ့ အောင်မြင်မှုအတွက်အရမ်းကိုအရေးပါပါတယ်။🗣 ယောက်ျားလေးနဲ့ မိန်းကလေးဟာ သဘာဝအားဖြင့် လူတွေနဲ့ communicate လုပ်တဲ့ပုံချင်းမတူကြပါဘူး။ အဲ့လိုမတူတဲ့ communication styles တွေကိုစုပေါင်းပြီး လုပ်ငန်းခွင်မှာဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ကာ ပဋိပက္ခဖြစ်မှုတွေကို များစွာလျှော့ချနိုင်ပါတယ်။
Comments
Post a Comment