✨ 21 Personal Goals for 2021
Personal Goals တွေ သတ်မှတ်ထားခြင်းက ကျွန်တော်တို့ရဲ့ ရှေ့ဆက်လျှောက်ရမယ့်လမ်းကို ပီပီပြင်ပြင်ဖြစ်စေပါတယ်။
Goal တွေသတ်မှတ်ရာမှာ စနစ်တကျဖြစ်လေ ပိုကောင်းလေပဲမလို့ နှစ်သစ်ကိုရောက်တိုင်း တစ်နှစ်စာ Personal Goal တွေသတ်မှတ်လေ့ရှိကြပါတယ် ဒါပေမယ့်လည်း Action မရှိရင်တော့ လက်တွေ့မှာ တကယ် ဖြစ်မလာဘူးပေါ့။ 
နှစ်စမှာ Goals တွေ သတ်မှတ်ပြီးတဲ့အခါ တစ်လ၊ နှစ်လလောက်ပဲရှိသေး လက်လျှော့သွားတယ်ဆိုတာ မဖြစ်ဖို့လိုပါတယ်။ လူအများစု အခုလို လက်လျှော့သွားရတဲ့ အကြောင်းအရင်းကတော့ သူတို့သတ်မှတ်ထားတဲ့ Goals တွေဟာ ကြီးကြီးမားမားတွေဖြစ်ပြီး လိုက်လုပ်ဖို့မလွယ်ဝာာကြောင့်ပါ။ 
ဒီနေ့မှာ ကျွန်တော်က “ခဏလောက်ပဲလိုက်လုပ်ပြီး စွန့်ပစ်လိုက်ရတဲ့အိပ်မက်တွေ” မဖြစ်ရလေအောင် အရမ်းကြီးမခက်ခဲတဲ့ Personal Goal ၂၂ ခုကို ခေါင်းစဉ် ၅ခုအောက်ကနေ မျှဝေပေးသွားမှာဖြစ်ပါတယ် 
ကျွန်တော်တို့ရဲ့အိပ်မက်တွေဟာ ကျွန်တော်တို့ရဲ့လက်တွေ့လုပ်ဆောင်မှုကြောင့်ပဲ အသက်ဝင်လာမှာမဟုတ်လား။
နှစ်သစ်မှာ အိပ်မက်တွေအတွက် စိတ်ကူးသက်သက်ဘဝက ရုန်းထွက်ပြီး လက်တွေ့ အကောင်အထည် ဖော်နိုင်ကြပါစေခင်ဗျာ။
Illustrated by May Thu Thu Kyaw
Written by Htoo Aung

ညဘက် ၁၂နာရီမကျော်ခင်ကစအိပ်ပြီး မနက်စောစောထတဲ့အခါ ပုံမှန်ထက် အချိန်ပိုတွေအများကြီးရလာမှာဖြစ်ပါတယ်။ အိပ်စက်ရာမှာ အိပ်ချိန် ၇နာရီပြည့်အောင်အိပ်ခြင်းဖြင့် ကျန်းမာအောင်နေကြပါမယ်။
အသားအရည်အတွက်၊ ခန္ဓာကိုယ်အတွက် အဓိကလိုအပ်တဲ့ရေကို တတ်နိုင်သလောက်များများသောက်မယ်။
(
၂၀၂၀ မှာ အိမ်တွင်းအောင်းပြီး ထိုင်၊လှဲ၊အိပ်၊စားပဲ လုပ်ခဲ့တာမို့ Workout ပြန်လုပ်ပါမယ်။ နေ့တိုင်းလုပ်နိုင်ရင် အကောင်းဆုံးပါပဲ။
ကျွန်ဝောာ်က အသားကြိုက်သူမို့ အရွက်ဆို စားစရာမရှိမှသာစားပါတယ်။ ဒီအတွက် ကြာလာတော့ သိသိသာသာ ချို့ယွင်းလာတွေ ကြုံရပါတယ်။ ၂၀၂၁ မှာတော့ အသီးအရွက်ပိုစားမယ်လို့ အခိုင်အမာ ဆုံးဖြတ်ထားပါတယ်။

ခန္ဓာကိုယ်တင်မက စိတ်ကိုလည်း ဂရုစိုက်ပေးဖို့လိုဝာာမို့ Mental Health ကိုလည်း ပစ်ထားလို့မဖြစ်ပါဘူးနော်။
ရှင်းရှင်းပြောရရင် Perfectionist တစ်ယောက်ဖြစ်နေပြီဆိုရင် အင်မတန်ကို သောကများရပါတယ်။ ဒါကြောင့် အစအစအရာရာ ပြီးပြည့်စုံနေမှဆိုတဲ့ စိတ်ကို စွန့်လွှတ်ဖို့ကြိုးစားသွားကြပါမယ်။
ဒါကတော့ အားလုံးသိပြီးသားပါ။ ခရီးသွားရတဲ့ စိတ်ခံစားချက်ကို မကြာမကြာ ခံစားကြည့်ကြပါမယ်။
စာဖတ်၊ရုပ်ရှင်ကြည့်ဆိုတဲ့ ဝါသနာတွေအပြင် တခြားဝါသနာအသစ်တွေ လုပ်ကြည့်သင့်ပါသေးတယ်။ ( စစ်တုရင်၊ သစ်ပင်စိုက်၊ ပန်းချီဆွဲသင်၊ စာရေး )
အနည်းဆုံးပေါ့၊ အချိန်မရရင်တောင် တစ်ပတ်ကို ၁အုပ်ဆိုတာ ကိုယ့်လုပ်နိုင်တဲ့ အတိုင်းအတာအတွင်းပဲ ရှိပါတယ်။

ချစ်ရတဲ့သူတွေနဲ့ ပိုပြီး အချိန်အတူတူကုန်ဆုံးမယ်။


Deadline မတိုင်မီ ပြီးအောင်လုပ်မယ်၊ ၂၀၂၁ မှာ Deadline ရောက်ခါနီးမှ အတင်းကုန်းရုန်းမလုပ်ချင်တော့ပါဘူး။
Comments
Post a Comment