ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ဒီလိုလူတွေတွေ့ဖူးပါလိမ့်မယ်။ ဘယ်လိုအချိန်တွေပဲဖြစ်ဖြစ် အဆင်မပြေဘူးလို့မပြောဖူးတဲ့သူတွေ၊ လူတိုင်းနဲ့ အဆင်ပြေအောင်ပေါင်းနိုင်တဲ့သူတွေ၊ ကြုံလာသမျှကို အကောင်းမြင်တတ်တဲ့သူတွေ စသဖြင့် ဒီလိုလူတွေကို ခံနိုင်ရည်ရှိတဲ့သူ တစ်နည်းအားဖြင့် ကိုယ်ကြုံတွေ့သမျှအရာရာတိုင်းနဲ့ အလိုက်သင့်ဖြစ်အောင် နေထိုင်နိုင်တဲ့သူလို့ခေါ်ပါတယ်။ ဒီလိုနေထိုင်နိုင်ခြင်းဟာခက်ခဲတဲ့အရာတစ်ခုဖြစ်သလို ကိုယ်နေထိုင်နေစဉ်တစ်လျှောက်မှာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ကျန်းမာနေစေဖို့အတွက် ကောင်းမွန်တဲ့အလေ့အကျင့်တစ်ခုလည်းဖြစ်ပါတယ်။ ပြီးတော့ဒီလို အလိုက်သင့်နေထိုင်တတ်တဲ့သူတွေမှာ တူညီတဲ့အချက်လေးတွေရှိပါတယ်။ ဒါကြောင့် ဒီနေ့ Beatrix ကနေပြီးတော့ အလိုက်သင့်နေထိုင်တတ်သူတွေမှာ တွေ့ရတတ်တဲ့ အချက်(7)ချက်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ 1. They stay flexible and open-minded - အလိုက်သင့် နေထိုင်နိုင်ခြင်းဆိုတာက လူတွေနဲ့မှ ဆက်ဆံရေးကိုပဲပြောတာမဟုတ်ပါဘူး၊ ပညာသင်ယူတဲ့အခါမှာ အလုပ်အကိုင်တွေရှာဖွေတဲ့အခါမှာပါ သူတို့ဟာ ကိုယ်ရနိုင်မယ့်အခွင့်အလမ်းကို အမြဲလေ့လာနေတယ်၊ idea အသစ်တွေကိုအမြဲတွေးဖြစ်တယ်၊ ဗဟုသုတတွေကိုရှာဖွေဖတ်ရှု...
Comments
Post a Comment