Introverts တွေရဲ့ အားသာချက် (၄) ချက် ...

 

လူအများစုက Introvert တွေကို အားနည်းသူတွေလို့ မြင်ကြပါတယ်။ လူတွေနဲ့ဆက်ဆံရမှာကြောက်တဲ့သူတွေ၊ ဆုံးဖြတ်ချက်တစ်ခုချရင် တုန့်ဆိုင်းနေတဲ့သူတွေလို့လဲ ယူဆကြပါသေးတယ်။

ဒါပေမယ့် Introverts တွေမှာ လူအများစု သတိမထားမိတဲ့ အားသာချက်တွေရှိပါသေးတယ် 💪 Extroverts တွေကို မျက်နှာသာပေးကြတဲ့ ပတ်ဝန်းကျင်မှာမို့ Introverts တွေဟာ အားနည်းသူတွေလို့ထင်ရပါတယ်။ သို့ပေမယ့် တကယ်တမ်းမှာ ထင်သလိုမဟုတ်ပါဘူးနော် 🙅‍♂️
ကျွန်တော်ကိုယ်တိုင်ကလည်း Introvert တစ်ယောက်မို့ ဒီနေ့မှာ Introverts တွေရဲ့ လူသိနည်းတဲ့ အားသာချက် (၄)ခုကို ကျွန်တော်က မျှဝေဖော်ပြပေးသွားမှာဖြစ်ပါတယ်။
Graphic Designed by Pyae Paing
Written by Htoo Aung
 Image may contain: 1 person, text
1️⃣လေးလေးနက်နက်တွေးနိုင်ခြင်း

Introverts တွေက တစ်ဦးတည်း သီးသန့်နေတတ်သူတွေမို့ အချိန်တိုင်းလိုလို ဘဝအကြောင်းတွေးနေတတ်တာများပါတယ်။ အတိတ်ကလုပ်ရပ်တွေကို ပြန်စဉ်းစားဆင်ခြင်တာ၊ အနာဂတ်အတွက် စနစ်တကျစီစဉ်ထားတာတွေမှာ Introverts တွေက အားသာပါတယ်။

အတွေးမလွန်ပဲ မှန်မှန်ကန်ကန်ဆင်ခြင်တွေးတောမယ်ဆိုရင် ရရှိနိုင်မယ့်အကျိုးတွေက မနည်းပါဘူး။ (

အတွေးလွန်ရင် အန္တရာယ်တွေရှိနိုင်ကြောင်း အရင်အပတ်က ကျွန်တော်မျှဝေခဲ့ပြီးပါပြီ 👇🏻👇🏻

https://www.facebook.com/108219754207907/posts/222459449450603/ )

Introverts တွေဟာ လေးလေးနက်နက်တွေးနိုင်ရုံတင်သာမက စာရေးရာမှာလည်း သိပ်တော်ကြပါတယ်တဲ့။ ပုံမှန် Journaling လုပ်လေ့ရှိတတ်သူတွေဆိုရင် ကိုယ်မှားခဲ့တာတွေကို ပြင်ဆင်ခြင်နိုင်ပြီး နောက်ထပ်မဖြစ်အောင်ပါ ဂရုစိုက်နိုင်ပါသေးတယ်။

Introvert တွေရဲ့ ဦးနှောက်အလုပ်လုပ်ပုံဟာ Extroverts တွေနဲ့ ကွဲပြားပြီး သတင်းအချက်အလက်ကို ပိုအသေးစိတ်ကျအောင် ဝေဖန်ခွဲခြားနိုင်ပါတယ် 🕵️ သူတို့ဟာ ဖြစ်လာနိုင်တဲ့ အခက်အခဲတွေ၊ပြဿနာရပ်တွေကို ကြိုတင်မှန်းဆထားနိုင်ပါတယ်။ ဒါကြောင့် အနာဂတ်အတွက် ပြင်ဆင်ရာမှာ တစ်ဆင့်ချင်တစ်ဆင့် သေသေသပ်သပ် အစီအစဉ်ဆွဲနိုင်ပါလိမ့်မယ် 📊

Extroverts တွေ မျက်စိလျှမ်းပြီး ‌ကျော်သွားတဲ့ အရာတွေကိုလည်း မြင်နိုင်တဲ့အတွက် ဘဝအတွက် အင်မတန်ကိုမှ အကျိုးရှိတဲ့ အားသာချက်တစ်ခုပါပဲ။
Image may contain: 1 person, text that says "2 အလုပ်ပြီးမြောက်ခြင်း BEATRIX WEDT"
2️⃣အလုပ်ပြီးမြောက်ခြင်း

Introverts တွေက တစ်ယောက်တည်းနေတဲ့အချိန်မှာ ပိုပြီးအားထုတ်၊အားစိုက်နိုင်ဆုံးပါ။ ဒါကြောင့် ပိုပြီး ‌အလုပ်ပြီးမြောက်ပါတယ် 📈

တစ်ယောက်တည်းနေစဉ် Productive ဖြစ်တဲ့အခါ အောင်မြင်မှုအသေးစားလေးတွေ ပုံမှန်ဖြစ်တည်လာပါတယ်။ အချိန်ကြာလာတဲ့နောက်မှာတော့ အံ့ဩစရာကောင်းလောက်အောင်ပဲ တစ်ခုခုကိုဖြစ်ဖြစ်မြောက်မြောက် လုပ်နိုင်သွားတတ်ကြပါတယ်။

စာအုပ်တစ်အုပ်ကို အဆုံးထိ ရေးနိုင်တာမျိုး၊ တီထွင်မှုအသစ်တစ်ခုလုပ်နိုင်တာမျိုး၊ Software တစ်ခုဖန်တီးနိုင်တာမျိုးက တစ်ယောက်တည်းသီးသန့်အလုပ်လုပ်ခြင်းဖြင့် ပြီးမြောက်နိုင်တာတွေပါပဲ။

လူအများနဲ့ တရုန်းရုန်းဖြစ်နေစဉ်၊ အစည်းအဝေးထိုင်နေစဉ်၊ ပါတီပွဲတွေတက်ရောက်နေစဉ် လုပ်၍မရတဲ့ အရာတွေကို Introverts တွေကလုပ်နိုင်တာဟာ ကျွန်တော်တို့အတွက် အားတက်စရာပါ။
Image may contain: 1 person, text
3️⃣ဖန်တီးနိုင်စွမ်းရှိခြင်း

ထူးခြားစွာပဲ Introverts တွေဟာ အနုပညာနဲ့ ဖန်တီးနိုင်စွမ်းမှာ တခြားသူတွေထက် များစွာသာလွန်ပါတယ်။ ပန်းချီဆွဲရာမှာ တော်လွန်းတာနဲ့ စာအရေးအသားကောင်းလွန်းတာတွေကို Introverts တွေမှာ အများဆုံး တွေ့မြင်နိုင်ပါတယ်။

ဖန်တီးနိုင်စွမ်းဆိုသည်မှာလည်း လူတွေရဲ့အဝေးမှာရှိနေချိန်၊ စကားပြောဆို ဆက်ဆံခြင်းမရှိချိန်မှာပဲ ပေါ်ထွက်လာတာမျိုးပါ။ ဒါကြောင့် တစ်ဦးတည်း သီးသန့်နေလေ့ရှိတဲ့ Introverts တွေက Creativity ကောင်းလွန်းတာ သိပ်အံ့ဩစရာတော့မဟုတ်ပါဘူး။
Image may contain: text
4️⃣ လေးနက်တဲ့ဆက်ဆံရေးရှိခြင်း

Introverts တွေဟာ နားထောင်ပေးတတ်သူတွေဖြစ်ပါတယ်။ စကားပြောသည့်ဘက်မှမနေဘဲ နားထောင်ပေးသည့်ဘက်ကနေခြင်းဟာ Introverts တွေရဲ့ ကောင်းမွန်တဲ့လက္ခဏာရပ်တစ်ခုပါ👂

လူတစ်ဦးတစ်ယောက်နဲ့ နီးစပ်လေးနက်တဲ့ဆက်ဆံရေးတစ်ခုဆောက်တည်ရာမှာ နားထောင်ပေးခြင်းက အလွန်အရေးပါပါတယ်။ ဘာကြောင့်လဲဆိုတော့ နားထောင်‌တဲ့ဘက်ကနေသူတွေဟာ တစ်ဖက်သားရဲ့အခြေအနေကို ပိုပြီးသေသေချာချာနားလည်နိုင်ကာ မျှဝေခံစားပေးနိုင်တာမို့ပါ။

တစ်ဖက်သား ကြုံတွေ့ခံစားနေရတာတွေကို ကိုယ်ချင်းစာနိုင်စွမ်းရှိတာမို့ ပိုပြီးလေးနက်ပါတယ်။ ဒီလိုနဲ့ Introverts တွေဟာ သူတို့ချစ်ရသူတွေနဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေးတစ်ခုကို ရေရှည်တည်ဆောက်နိုင်တာပေါ့ 👬👭

ဒါတွေဟာ Introverts တွေရဲ့ အားသာချက်တွေ အများကြီးထဲက ‌ကျွန်တော်ရွေးထုတ်ထားတဲ့ အချက် (၄)ချက်ပဲရှိပါသေးတယ်။ Beatrixers တို့လည်း ကိုယ့်ကိုယ်ကိုယ် Extroverts မဟုတ်လို့၊ ပေါင်းသင်းဆက်ဆံရေးညံ့လို့ ဆိုပြီး အားငယ်မနေပါနဲ့တော့၊ အားသာချက်တွေ အများကြီးရှိပါသေးကြောင်း အားပေးမျှဝေလိုက်ရပါတယ်။

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱