Product life cycle

 

🥳 Hello Beatrix ကိုစောင့်မျှော်ဖတ်ရှုပေးနေကြတဲ့ စာဖတ်သူတို့ရေ၊ ဒီနေ့မှာတော့ Beatrix ကနေ စာဖတ်သူတို့အတွက် business marketing နဲ့ပက်သက်ပြီးတော့ စိတ်ဝင်စားဖို့ကောင်းပြီးအသုံးဝင်တဲ့ topic တစ်ခုကိုပြင်ဆင်လာခဲ့ပါတယ်။😉

အဲ့ဒါကတော့ "product life cycle"ဖြစ်ပါတယ်။ ထုတ်ကုန်တစ်ခုရဲ့ဖြစ်စဉ်လို့ခေါ်ပါတယ်။ ဒါကြောင့် product life cycle ဆိုတာ ကိုယ်က productအသစ်တစ်ခုထုတ်လုပ်‌ တော့မယ်ဆိုရင်ကြုံ‌တွေ့ရမယ့် စီးပွားရေးဆိုင်ရာ ဖြစ်စဉ်တွေကိုဆိုလိုဝာာဖြစ်ပါတယ်။ ဒါက ကိုယ့်company မှာ product အသစ်တစ်ခုလုပ်တော့မယ့်အချိန်ပဲဖြစ်ဖြစ်၊ ကိုယ့်နဂို product တွေကိုပိုကောင်းအောင် မွမ်းမံတဲ့အချိန်မှာပဲဖြစ်ဖြစ် အသုံးချလို့ရတဲ့ marketing strategy တစ်ခုလည်းဖြစ်ပါတယ်။ ဒါဆို အချိန်မဆွဲဘဲဆက်ဖတ်ကြည့်လိုက်ရအောင်ဗျာ။👇👇👇May be an image of text that says "BEATRIX SALES/PROFITS ($) Introduction Growth Stage PRODUCT LIFE CYCLE SALES Decline Stage PRODUCT DEVELOPMENT Maturity INTRODUCTION PROFITS GROWTH MATURITY TIME DECLINE"
🔰Product life cycle မှာ-
1. Introduction
2. Growth
3. Maturity
4. Decline
ဆိုပြီးတော့အဆင့်လေးဆင့်ရှိပါတယ်။ ဒီအဆင့်တွေကတစ်ဆင့်ချင်းစီအစဉ်လိုက်ဖြစ်ပေါ်ပါတယ်။

🔰ဒါပေမယ့် ဒီအဆင့်လေးဆင့်မလာခင်မှာ product development stage ဆိုတာအရင်လာပါ‌သေးတယ်။ ဒီအဆင့်မှာဆိုရင်

- ထုတ်ကုန်များအတွက်ဝယ်လိုအားကိုပြန်လည်သုံးသပ်ခြင်း
- မိမိအမှတ်တံဆိပ် brand ရဲ့အမြင်ကိုသတ်မှတ်ခြင်း
- မိမိbrand ရဲ့ပြိုင်ဘက်ကို သုံးသပ်ခြင်း
- စားသုံးသူတို့ရဲ့ အပြုအမူလိုအပ်ချက်များကိုဦးစားပေးနားလည်ခြင်း

ဆိုတဲ့အကြောင်းအရာတွေပါဝင်ပါတယ်။
ဒါဆို product life cycle ရဲ့ အဆင့်လေးဆင့်ဆိုတာကို အသေးစိတ်ဆက်ကြည့်ရအောင်။
May be a cartoon of text that says "BEATRIX GROWTH R DECLINE N INTRODUCTION T MATURITY" 
1. Introduction✔️

Product တွေကို စတင်မိတ်ဆက်တဲ့အဆင့်ပဲဖြစ်ပါတယ်။ ဒီအဆင့်မှာဆိုရင် တာထွက်ကောင်းဖို့လိုတာဖြစ်တဲ့အ‌တွက်ကြောင့် ဒီအတွက်တာဝန်ရှိတဲ့‌ marketing manager အနေနဲ့ product ဖြန့်ချီမှု၊ တင်ပို့မှု၊ ရောင်းချရမှုတွေကိုအ‌သေအချာစာရင်းတွက်ချက်ထားဖို့ လိုပါတယ်။ အစမှာပဲ product fail ဖြစ်နိုင်တဲ့အကြောင်းလည်းဖြစ်နိုင်တာကြောင့် product planning ကိုလည်းဖြစ်နိုင်ရင်လုပ်ထားသင့်ပါတယ်။

2. Growth✔️

ကိုယ့်ထုတ်ကုန်ဟာ လူသိများလာပြီးတော့ ရောင်းအား တိုးတက်လာတဲ့အဆင့်ပဲဖြစ်ပါတယ်။ ဒီအချိန်မှာဆိုရင် ကိုယ့်ရဲ့productကို ဈေးကွက်မှာနေရာယူနိုင်ဖို့အတွက် အာရုံစိုက်သင့်တဲ့အချိန်ပဲဖြစ်ပါတယ်။ distribution တွေကိုနေရာစုံလင်အောင်သတ်မှတ်ရမယ်။ ကိုယ့်product ရဲ့အားသာချက်၊အားနည်းချက်တွေကို ရှာဖွေရမယ်။ customer တွေအတွက်ယုံကြည်စိတ်ချရတဲ့ brand တစ်ခုဖြစ်အောင်တည်ဆောက်ရမယ်။ဒါတွေကိုဒီအဆင့်မှာလုပ်ဆောင်သင့်ပါတယ်။

3. Maturity✔️

ကိုယ့်ထုတ်ကုန်က ဈေးကွက်ထဲမှာ နေရာတစ်ခုအခိုင်အမာရှိသွားတဲ့အချိန်လို့ပြောလို့ရပါတယ်။ ထုတ်ကုန်ဖြန့်ချီမှုတွေက ပိုပိုပြီးတော့ အားကောင်းလာမယ်။ ဘယ်နေရာမှာမဆို ရနိုင်တဲ့အထိဖြစ်လာမယ်။Promotion လုပ်တဲ့အခါမှာလည်း ပြိုင်ဘက်ထုတ်ကုန်တွေရဲ့မတူညီမှုအပေါ်ကို focus လုပ်ပြီးတော့ ယှဉ်ပြိုင်လာနိုင်တဲ့အဆင့်လည်းဖြစ်ပါတယ်။

4. Decline✔️

ဒီအဆင့်မှာဆိုရင် ကိုယ့် ထုတ်ကုန်က အဆိုးဆုံးအခြေအနေဖြစ်သွားနိုင်ပါတယ်။ စီးပွားပြိုင်ဘက်ဆိုတာလည်း မရှိတော့ဘူး၊ ဈေးနှုန်းတွေမြင့်တက်လာပြီးတော့ ဖြန့်ချီတဲ့နေရာတွေကျဲလာပါမယ်။ဖြန့်ချီပေးမယ့်ကိုယ်စားလှယ်အရေအတွက်ကလည်းနည်းလာပါမယ်။promotion လုပ်တဲ့အခါမှာလည်းလက်ရှိ customer အရေအတွက်ကိုပဲဆက်ရှိနေအောင် လုပ်ဆောင်ကြရသလိုမျိုး mission တွေပြောင်းသွားတဲ့အထိဖြစ်သွားနိုင်ပါတယ်။
May be an image of drink and text that says "BEATRIX MILK FDA APPROVED ፅላ Yogurt"
🔰ဆိုတော့ ဒီအဆင့်တွေဟာ တစ်ဆင့်ချင်းစီဖြစ်တာမှန်ပေမယ့် အဆင့်တိုင်းက ပုံသေမဟုတ်ပါဘူး။ ကိုယ်ရဲ့စွမ်းဆောင်နိုင်မှုအပေါ်မူတည်ပြီး ဖြစ်ချင်မှဖြစ်နိုင်တာပါ။

🔰ဒီအဆင့်လေးဆင့်ကိုပိုရှင်းသွားအောင်ကျွန်တော် ဉပမာလေးတစ်ခုနဲ့ပြောပြချင်ပါတယ်။😊ကျွန်တော်က နွားနို့ကိုထုတ်ကုန်အသစ်တစ်ခုအနေနဲ့ ထုတ်မယ်ဆိုပါစို့။

🎉Introduction
- ကျွန်တော့်နွားနို့ကို ကျန်းမာရေးနဲ့လျော်ညီတဲ့အစားအသောက်ဖြစ်ကြောင်းကြေညာမယ်။
- packaging ကိုလိုချင်တဲ့ပုံစံနဲ့ရိုးရိုးရှင်းရှင်းလေးထုတ်မယ်။
- ကျန်းမာရေးအစားအစာ အနေနဲ့ပဲproductကိုအရင်promote လုပ်မယ်။

🎉Growth
- ဒီနွားနို့ကို supermarket တွေမှာဝယ်လို့ရနေပြီ။
- ထုတ်ပိုးမှုပုံစံကိုလည်းအနည်းငယ်ပြောင်းထားမယ်
- နွားနို့အရသာအသစ်တွေတင်သွင်းမယ်။(စတော်ဘယ်ရီနွားနို့၊ ချောကလက်နွားနို့)စသဖြင့်

🎉Maturity
- ထုတ်ကုန်တွေကိုအရသာအမျိုးမျိုးအပြင်တွဲဖက်အစားအသောက်တွေပါထည့်လာမယ်။
- ထုတ်ပိုးမှုပုံစံအသစ်အရွယ်အစားရောပုံစံရောပြောင်းလဲမယ်။
- ကျန်းမာရေးအစားအစာအနေနဲ့ပဲမဟုတ်ပဲနဲ့ အပျော်စားအနေနဲ့ရော အဆင့်အတန်းမြင့် luxury food အနေနဲ့ပါ စသဖြင့် promotion တွေလုပ်မယ်။

⛔Decline
- အခုထိဈေးကွက်ထိုးဆင်းမှုမရှိသေး။

ဒါကတော့ ကျွန်တော်ကနွားနို့ထုတ်လုပ်မှုနဲ့ပက်သက်ပြီး အကြမ်းဖျင်းဉပမာပေးလိုက်တာပါ။🎉

🔰ဒီ product life cycle ကို strategy အနေနဲ့အသုံးချမယ်ဆိုရင် ကိုယ့်စီးပွားရေးထုတ်ကုန်က ဘယ် အခြေ‌အနေရောက်နေပြီလဲဆိုတာကို ကိုယ်တိုင်ဆန်းစစ်ကြည့်ဖို့လိုပါတယ်။✔️

🥳ဒါဆိုရင် product life cycle နဲ့ပက်သက်လို့အကြမ်းဖျင်းလောက်သိသွားကြမယ်လို့ထင်ပါတယ်။ ကိုယ့်စီးပွားရေးအတွက်တကယ်အသုံးဝင်နိုင်တာမို့ ကိုယ်တိုင်ဆက်ပြီးလေ့လာကြည့်ဖို့လည်းပြောချင်ပါတယ်။ 🙆အခုထိဖတ်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။ နောက်အပတ်တွေမှာလည်း စိတ်ဝင်စားဖို့ကောင်းတဲ့ content တွေနဲ့ရောက်လာမှာမို့ ဆက်လက်စောင့်ကြည့်ပေးကြပါအုံးနော်။🤗

Reference link
https://www.google.com/url?sa=t&source=web&rct=j&url=https://www.smartinsights.com/marketing-planning/marketing-models/product-life-cycle-model/amp/&ved=2ahUKEwjSw7OXyJnuAhUv73MBHRwpAQ4QFjA0egQINxAB&usg=AOvVaw10zk8ZI9vd5UuAQn-lcD_Y&ampcf=1

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱