Workplace Etiquettes

 

မင်္ဂလာပါဗျ ... Beatrix ကနေ ပြန်လည် နှုတ်ခွန်းဆက်သအပ်ပါတယ် 🐝
အလုပ်ခွင် သို့မဟုတ် တခြား ပညာရှင်ဆန်ဆန်အလုပ်လုပ်ကိုင်ရမယ့် နေရာတွေမှာ ကျင့်ဝတ်ဆိုတာ သိပ်ကိုအရေးပါပါတယ်။
မိမိအလုပ်ဖော်တွေနဲ့ ဘယ်လိုဆက်ဆံသလဲ၊ Team တစ်ခုအတွင်း ဘယ်လိုလိုက်လျောညီထွေနေထိုင်သလဲ၊ မိမိရဲ့အထက်လူကြီးမျက်ကွယ်မှာပါ ဘယ်လိုပြုမူ နေထိုင်သလဲဆိုတာတွေဟာ ကျွန်တော်တို့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်အပေါ် လုံးဝသက်ရောက်မှု အပြည့်ရှိပါတယ် 🙌🏻
အလုပ်ခွင်မှာ လုပ်သင့်တာတွေရှိသလို မပြုမူသင့်တဲ့အရာတွေလည်း ရှိပါသေးတယ်။ ဒီနေ့မှာ ကျွန်တော်က အဆိုပါ ကျင့်ဝတ်ဆိုင်ရာ Do & Don't တွေကို ပြောပြပေးသွားမှာပါ။ လုပ်ငန်းခွင်ကျင့်ဝတ်တွေက Professional ပီပီသသ အောင်မြင်ဖို့အရေးမှာ ဘယ်လိုအရေးပါတယ်ဆိုတာကိုတော့ ပြောစရာမလိုအောင် Beatrixers တို့ နားလည်ပြီးသားလို့ ကျွန်တော်ယုံကြည်ပါတယ်။ ဘာတွေလိုက်နာသင့်တယ်၊ ဘာတွေမလုပ်သင့်ဘူးဆိုတာကို ယခုပဲ လေ့လာကြည့်ရအောင်လားဗျာ။
Workplace Etiquettes: The Don'ts
1️⃣အလုပ်စားပွဲမှာ ကိုယ်ရေးကိုယ်တာကိစ္စတွေ မပြောပါနှင့်
တခြားသူတွေ အလွယ်တကူကြားနိုင်တဲ့နေရာမှာ မိမိကိုယ်ရေးကိုယ်တာကိစ္စတွေကို မပြောသင့်ပါဘူး။ အများစုက အလုပ်စားပွဲမှာထိုင်ပြီး ဖုန်းအကျယ်ကြီး ပြောလေ့ရှိကြပါတယ်။ သတိပြုရမယ့်အချက်ပါပဲ။ အလွန်အရေးကြီးတဲ့ကိစ္စဆိုရင်တောင် အပြင်ကိုထွက်ပြီး Private Area တွေမှာသာ ပြောသင့်ပါတယ် ️👈🏻
2️⃣အပြင်ကပါလာတဲ့စိတ်ခံစားချက်တွေကို အလုပ်ခွငိထဲသို့ ယူမလာပါနှင့်
အိမ်မှာ မိသားစုနဲ့အဆင်မပြေလာတာပဲဖြစ်ဖြစ်၊ သူငယ်ချင်း၊ချစ်သူ နဲ့ ရန်ဖြစ်လာတာပဲဖြစ်ဖြစ်၊ အလုပ်ခွင်ထဲရောက်တဲ့အခါမှာတော့ အားလုံးကိုမေ့ထားဖို့လိုပါတယ်။ မိမိကြောင့် တစ်ပါးသူတွေပါ စိတ်ပူလောင်မှုတွေ မကူးစက်ဖို့ သိပ်အရေးကြီးပါတယ် 😃
3️⃣လုပ်ဖော်ကိုင်ဖက်အကြောင်း၊ အလုပ်ရှင်အကြောင်း ကွယ်ရာမှာ အတင်းမပြောပါနှင့်
အတင်းပြောတယ်ဆိုတာ အလုပ်ခွင်မှာ မပြုမူသင့်ဆုံးအရာတစ်ခုပါ။ လုံးဝ‌မပြောမိပါစေနှင့်။ တခြားသူ‌ကိုသာမက မိမိပုံရိပ်ကိုပါ တစ်ချိန်မှာ ထိခိုက်လာနိုင်ပါတယ် 💢
4️⃣အလုပ်ခွင်သို့လာစဉ် ထီးမေ့မကျန်ခဲ့ပါနှင့်
တစ်မျိုးဖြစ်နေပေမယ့်လည်း မိုးရာသီအတွင်းမှာဆို အင်မတန်အရေးကြီးတဲ့ ကိစ္စပါပဲ။ ကျွန်တော်ကိုယ်တိုင်ကြုံခဲ့ဖူးတာမို့ လုံးဝ လုံးဝ မမေ့သင့်တဲ့ကိစ္စဖြစ်ကြောင် ထပ်လောင်းပြောချင်ပါတယ်
အစည်း‌အဝေး စတော့မယ့်အချိန်၊ လူစုံနေချိန်၊ ပြင်ပအလုပ်အပ်မယ့်သူရောက်နေချိန်ဆို ပိုဆိုးပါတယ်။ စိုရွဲနေသောအဝတ်အစားတွေနဲ့ ရုံးခန်းထဲကို ဖြစ်သလိုဝင်လာရတာကို ရှက်ဖို့လည်းကောင်းသလို တစ်ပါးသူကို မလေးစားရာလည်း ကျပါတယ်။ ☂
Workplace Etiquettes: The Dos ☑️
1️⃣အတူလုပ်ဖော်ကိုင်ဖက်ကို ကူညီပေးဖို့ဆန္ဒ အမြဲရှိရပါမယ်
ကိုယ့်မှာ အရေးကြီးတဲ့လုပ်စရာတွေရှိနေချိန်၊ Deadline နားကပ်နေလို့ ကိုယ်ပါ အလောတကြီးဖြစ်နေချိန်ကလွဲရင် အကူညီတောင်းလာသမျှကို လက်ခံလုပ်ဆောင်ပေးထားသင့်ပါတယ်။ ဒါဟာ တစ်ချိန်မှာ ကျွန်တော်တို့ကို မထင်ထားတဲ့နေရာတစ်ခုကနေ ပြန်လည်အကျိုးပြုလာမှာဖြစ်ပါတယ်။
ဒါပေမယ့် မနိုင်မနင်းဖြစ်နေချိန်မှာတော့ ငြင်းဖို့ဝန်မလေးပါနဲ့ဦးနော် 🤗
2️⃣အများနဲ့ ဝေမျှစားလို့ရတဲ့ သရေစာ‌မုန့်တွေ ယူလာသင့်ပါတယ်။
အစားမကြိုက်တဲ့သူဆိုတာ ခပ်ရှားရှားပါပဲ။ အချိန်ရတဲ့အခါ ကိုယ်တိုင်လုပ်လာတဲ့မုန့်ပဲဖြစ်ဖြစ်၊ မှတ်မှတ်ရရဝယ်လာတဲ့မုန့်ပဲဖြစ်ဖြစ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူစားဖို့ ဝယ်လာတာဟာ ကောင်းမွန်တဲ့အကျင့်တစ်ခုပါ 🥨
တစ်ယောက်ယောက်ကို ဂုဏ်ပြုရမယ့်အချိန်၊ အောင်ပွဲခံစရာရှိတဲ့အချိန်တွေဆိုရင်တော့ ပိုတောင်သင့်တော်ပါသေးတယ်။ မိမိပတ်ဝန်းကျင်မှ လူတွေနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ကို တကယ်အလေးထားသင့်ပါတယ်။
3️⃣လိုက်လျောညီထွေဖြစ်အောင်နေပါ
တစ်ခါတလေမှာ ကိုယ့်ဘက်က လိုက်လျောပေးပြီး အများနဲ့အဆင်ပြေအောင်နေပေရမယ့်အချိန်တွေ ရှိပါတယ်။ ပုံမှန်ထက် အလုပ်ကို ပိုစောလာရတာမျိုး၊ နောက်ကျမှအလုပ်ဆင်းရတာမျိုး ကြုံနိုင်ပါတယ်။
မိမိတာဝန်ကျတဲ့ အလုပ်မဟုတ်တာတွေကိုလည်း တစ်ခါတရံ အသိစိတ်နဲ့လုပ်ပေးရတာမျိုးတွေရှိပါတယ်။ ရောက်တဲ့နေရာမှာ ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေစွာ နေတတ်တာဟာ Professional တစ်ယောက်မှာရှိထိုက်တဲ့ ကျင့်ဝတ်တစ်ခုပါပဲ။
4️⃣ကွန်ပြူတာမှာ နားကြပ်ပေါက်အမြဲထိုးထားသင့်ပါတယ်
ရယ်စရာလို့ထင်ရပေမယ့် သိပ်အရေးကြီးပါတယ်။ အားလုံးက သူတို့အလုပ်ကိုသူတို့ အာရုံအပြည့်စိုက်ပြီး စိတ်ပါလက်ပါလုပ်နေချိန် ကိုယ်က အပျင်းပြေ သီချင်းကောက်ဖွင့်လိုက်တယ်ဆိုပါစို့။ နားကြပ်မတပ်ထားတဲ့အတွက် အသံကျယ်ကြီး ရုတ်တရက်ထွက်ပေါ်လာချိန် ကိုယ့်ကို ဝိုင်းကြည့်ခံရတာမျိုး ဘယ်သူမှ ကြုံချင်မှာမဟုတ်ပါဘူး။ နေရထိုင်ရခက်ဖြစ်မယ့်အပြင် ရှက်စရာလည်းကောင်းပါသေးတယ်။ 👈🏻
5️⃣တတ်နိုင်သရွေ့ ပြုံးပြုံးရွှင်ရွှင်နေပါ။
အလုပ်ခွင်မှာ Positive ဆန်ဆန်စိတ်ထားနဲ့ နေထိုင်တဲ့အခါ ပိုပြီးအလုပ်ပြီးမြောက်ပါတယ်။ ပျော်ပျော်ရွှင်ရွှင်ရှိတာ၊ ခင်ခင်မင်မင်နေထိုင်တာ၊ ဘေးလူက ချဉ်းကပ်ရလွယ်တာဟာ လုပ်ဖော်ကိုင်ဖက်တွေအတွက် သိပ်အဆင်ပြေမှာပါ
နောက်ဆုံးအနေနဲ့ ကျွန်တော်တို့မှာ မှားခွင့်ရှိပါတယ်။ လူဆိုတာ အမှားရှိကိုရှိမှာပါပဲ။ ဒါပေမယ့် အခုလို လုပ်သင့်လုပ်ထိုက်တဲ့ ကျင့်ဝတ်အချို့ကို ကြိုသိထားတဲ့အခါ အလုပ်ခွင်စဝင်တဲ့အချိန် အလွဲကြီးကြီး လွဲတာမျိုးမဖြစ်တော့ဘူးပေါ့။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ခင်ခင်မင်မင်ရှိမယ်၊ ဒါ့အပြင် သက်သောင့်သက်သာရှိမယ့် အလုပ်ခွင့်ဟာ အားလုံးအတွက် ပျော်ရွှင်စရာအလုပ်ခွင်တစ်ခုဖြစ်လာမှာ အသေအချာပါပဲ။
Beatrixers တို့လည်း အလုပ်ခွင်မှာ နေပျော်တဲ့သူတွေ ဖြစ်နိုင်ကြပါစေ။ ကျွန်တော်တို့ရဲ့ Volunteering ကာလအတွင်း နောက်ဆုံးမျှဝေခဲ့တဲ့ Content ဖြစ်တာမို့ အားလုံး ကျေနပ်မယ်လို့ မျှော်လင့်ပါတယ်ခင်ဗျာ။ ☺️
Graphic Design by MayThuThuKyaw
Written by HtooAung
 
 May be an image of text that says "E w T O THE DON'T SA E THE DOS E S BEATRIX"

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱