Posts

Work Environment and Productivity

Image
  Welcome back!!! Beatrix ကနေမှပြန်လည်ကြိုဆို လိုက်ပါတယ် ဒီနေ့မှာတော့ Work Environment & Productivity အကြောင်းကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ် Work Environment ဆိုတာကတော့ ကိုယ်အလုပ်လုပ်တဲ့ပတ်ဝန်းကျင်၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေရဲ့ စိတ်နေစိတ်ထား၊အလုပ်လုပ်တဲ့ နေရာဒေသ စတာတွေကို ရည်ညွှန်းတာဖြစ်ပြီးတော့ Productivity ကတော့အားလုံးလည်းသိကြတဲ့အတိုင်း ကိုယ်အလုပ်လုပ်တဲ့နှုန်း၊ တစ်နေ့တာအလုပ်ပြီးမြောက်တဲ့နှုန်း စတာတွေ ကိုဆိုလိုတာဖြစ်ပါတယ် “ဒီနေ့တော့ ဘာမှဖြစ်ဖြစ်မြောက်မြောက် မလုပ်ဖြစ်ပါဘူးကွာ” အဲ့လိုပြောမဲ့အစား “ငါဒီနေ့တော့ productive မဖြစ်ဘူးကွာ” ဆိုပြီးပြောကြတာကိုလည်း ကြားဖူးကြမယ် လို့ထင်ပါတယ် ဒါဆိုရင် Work Environment က ကိုယ့်ရဲ့ Productivity အပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို ဥပမာ(၂)ခုနဲ့ ကြည့်လိုက်ကြရအောင် ဥပမာ(၁)-“သင်က dinnerတစ်ခုသွားစရာရှိတယ်၊ နောက်နေ့ မနက်ကျရင်လည်း အရမ်းအရေးကြီးတဲ့ အလုပ်ကိစ္စတစ်ခုတွေ့ဖို့ ချိန်းထားတာရှိတယ် ပဲဆိုပါစို့” Dinnerမသွားခင်တုန်းကတော့နက်ဖန်မနက်အစောကြီးထရမှာ အဲ့ဒါကြောင့် မသောက်ဘူးလို့တွေးထားပေမဲ့ Dinner ကျ ငယ်သူငယ်ချင်း၊အပေါင်းအသင်းတွေနဲ့ တွေ့ပြီး သောက်လို...

"International Youth Day" 🥳

Image
ဒီနေ့ ပြောပြပေးသွားမယ့် အကြောင်းအရာကတော့ နိုင်ငံတကာ လူငယ်များနေ့ ပေါ်ပေါက်လာပုံနှင့် ကျင်းပပြုလုပ်ရတဲ့ ရည်ရွယ်ချက်တို့ဘဲ ဖြစ်ပါတယ်။ နိုင်ငံတကာ လူငယ်များနေ့ကို သြဂုတ်လ ၁၂ ရက်နေ့ ရောက်တိုင်း နှစ်စဥ်နှစ်တိုင်း ကျင်းပခဲ့ကြပါတယ်။ "ကျင်းပရတဲ့ ရည်ရွယ်ချက်" ဒီလိုကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာ့တစ်ဝှမ်းမှာ နေထိုင်ကြတဲ့ လူ့အသိုက်အဝန်းကို ဖွံဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်တဲ့ လူ့ငယ်စွမ်းအားကို ဖော်ထုတ်ဖို့ဘဲ ဖြစ်ပါတယ်။ လူငယ်တွေ သူတို့ရဲ့တိုင်းပြည် အဖွဲ့အစည်း ရပ်ရွာတွေကို တိုးတက်အောင် ပိုမိုဆောင်ရွက် လာကြစေဖို့၊ အကောင်းမြင်စိတ်တွေ တိုးလာစေဖို့ ၊ ကိုယ့်ပတ်ဝန်းကျင်ရှိ လူတွေကို အသိပညာပေးပြီး တိုးတက်အောင် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ ၊ ခြုံငုံပြောရရင် လူငယ်တွေ တက်တက်ကြွကြွနဲ့ လူမှုဖွံ့ဖြိုး တိုးတက်ရေးတွေ လုပ်ဆောင်လာကြဖို့ပါ။ "အဲ့နေ့မှာလူငယ်တွေ ဘာတွေဆောင်ရွက်ကြသလဲ။" လူငယ်တွေဘဲ ယူဆောင်လာနိုင်တဲ့ ကမ္ဘာကြီးအတွက် အကျိုးဖြစ်ထွန်းစေမယ့် အရာတွေ ပိုမိုတိုးပွားလာအောင် ကမ္ဘာတစ်ဝှမ်းက များပြားလှစွာသော activities(လှုပ်ရှားမှုတွေ)၊ပြိုင်ပွဲတွေ ကျင်းပကြပါတယ်။ ပညာရေး ၊ အလုပ်အကိုင် အခွင့်အလမ်း စတာတ...

How To Start Your Own Business

Image
  အားလုံးပဲမဂ်လာပါခင်ဗျား... Beatrix ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီစာကိုဖတ်နေတဲ့ ပရိသတ်အများစုဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို စိတ်ပါဝင်စားသူတွေဖြစ်တာကြောင့် ဒီနေ့မှာတော့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို ဘယ်လိုစတင်ရမလဲဆိုတာနဲ့ ပတ်သက်လို့ ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဒီနေရာလေးမှာတခုပြောချင်တာက ဘယ်လိုစတင်သင့်သလဲဆိုတာထက် စတင်ဖို့အတွက် ဘယ်အရာတွေကို ပြင်ဆင်ရမလဲဆိုတာကို အသားပေး ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ အိုကေ..ကျွန်တော်တို့တွေ အားလုံးသိထားတဲ့အတိုင်း ကိုယ်ပိုင်လုပ်ငန်းလုပ်ရတာဟာ မလွယ်ကူပါဘူး။ ဒါကြောင့် လူတော်တော်များများကမလုပ်နိုင်သလို လေ့လာတွေ့ရှိမှုတွေအရ ကိုယ်ပိုင်လုပ်ငန်းတွေရဲ့ ၅၀ % ဟာ လုပ်ငန်းစပြီး ပထမငါးနှစ်မှာ ကျရှုံးကြပြီး ကျန်တဲ့လုပ်ငန်းတွေရဲ့ ၅၀% ဟာလည်း ဒုတိယ ငါးနှစ်မှာ ကျရှုံးကြတယ်လို့ ဆိုထားပါတယ်။ ဒီလိုမျိုးကျရှုံးမှုတွေအများကြီးထဲ ကိုယ့်ရဲ့လုပ်ငန်းပါမသွားဖို့ ဘယ်လိုမျိုးစတင်တည်ဆောက်ကြမလဲ .. ကိုယ်ပိုင်လုပ်ငန်းစတင်လုပ်ကိုင်ဖို့ လုပ်ဆောင်သင့်တဲ့အချက်တွေကတော့... (၁) လုပ်ငန်းတခုတည်ထောင်နိုင်ဖို့ သင့်တင့်တဲ့ငွေပမာဏရှိပြီလား။ မိတ်ဆွေရဲ့အတွေးတွေထဲမှာ “ငါဒါကိုလုပ်လိုက်ရင် ဒီလုပ်ငန်းကရေရှည...

Pros and Cons of Freelance Career

Image
  မင်္ဂလာပါ Beatrixကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ဒီတစ်ခေါက်ပြောပြပေးသွားချင်တာက Freelance Jobsတွေရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးတွေပဲ ဖြစ်ပါတယ် Freelance Jobတွေဟာ များသောအားဖြင့် လွတ်လပ်တယ် ကိုယ်ကြိုက်တဲ့အချိန် အလုပ်လုပ်လို့ရတယ် စည်းတွေဘောင်တွေမရှိဘူးဆိုပေမဲ့ သူ့နောက်ကွယ်မှာလဲ အဆင်မပြေမှုတွေဆိုတာ အနည်းနဲ့အများရှိကြတာပါပဲ အရင်ဆုံး Freelance Jobsတွေရဲ့ကောင်းကျိုးတွေကို ကြည့်လိုက်ကြရအောင်ပါ .. 1) Client တွေကိုလွတ်လွတ်လပ်လပ်ရွေးချယ်လို့ရတယ် Freelancerတစ်ယောက်အနေနဲ့ ကိုယ်ဘယ်သူ့အတွက် အလုပ်လုပ်ပေးချင်လဲ ဘယ်သူနဲ့အလုပ်တူတူတွဲလုပ်ချင်လဲဆိုတာ ရွေးချယ်လို့ရတယ် ကိုယ်အဆင်ပြေမယ်ထင်တဲ့ Clientကို ရွေးချယ်လက်ခံနိုင်တဲ့အတွက် တော်တော်လေးအဆင်ပြေတယ်ဆိုလို့ရပါတယ် 2) ကိုယ်အဆင်ပြေသလောက် အလုပ်ပမာဏကို ရွေးချယ်လုပ်ကိုင်ခွင့်ရမယ် Freelance Jobတွေရဲ့ အားသာချက်က ကိုယ်လုပ်ချင်သလောက်ပဲ အလုပ်လုပ်လို့ရပါတယ်(income တော့ကွာတာပေါ့နော်) Full-time တွေလိုမျိုး တစ်ချိန်လုံးMeetingထိုင်နေရတာ စည်းတွေဘောင်တွေနဲ့ နေရတာ တစ်ချိန်လုံးအာရုံစိုက်နေရတာမျိုးမရှိတော့ဘူး 3) လွတ်လပ်မှုရှိတယ် Freelancer Jobs တွေရဲ့ အဓိကအားသာချက်ကတော့ ဒါပါပဲ ပ...

Why photo matter ?

Image
  ဓာတ်ပုံတွေက ဘာလို့ လူနေမှုဘဝမှာ အရေးပါတာလဲ ..? သင်ကကောအမှတ်တရတွေကို ဓာတ်ပုံရိုက်ပြီး သိမ်းထား ရတာ ကြိုက်တဲ့သူတစ်ယောက်လား ... ? ဒါမှမဟုတ်ဘဲ ဓာတ်ပုံရိုက်နေခြင်းကြောင့် ကိုယ်တစ်ကယ်လက်တွေ့ ခံစားတွေ့ကြုံရမဲ့အရာတွေ လျော့နည်းသွားနိုင်တယ်လို့ ထင်သလား? ဒါပေမဲ့ ဓာတ်ပုံတွေက မိမိတို့အတွက် အရေးပါတယ်ဆိုတာတော့ ငြင်းလို့ရမယ်မထင်ပါဘူး ဘာလို့အဲ့လို အရေးပါတာလဲဆိုတာကို ဒီနေ့ Beatrix ကနေ ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်... 1. ဓာတ်ပုံတစ်ပုံချင်းစီမှာ အမှတ်တရ တစ်ခုစီရှိကြပါတယ်။ ဒါကတော့ ကိုယ်ကိုယ်တိုင်လည်းဓာတ်ပုံရိုက်နေတဲ့သူဆို သိကြမှာပါ၊ ဓာတ်ပုံအဟောင်းတွေ ပြန်ကြည့်လိုက်ခြင်းဖြင့် အမှတ်တရတွေကိုပြန်သတိရစေတယ်၊ ကိုယ့်ငယ်ငယ်တုန်းကပုံတွေဆိုလည်း ကိုယ့်မှတ်ဉာဏ်ထဲမှာ မမှတ်မိရင်တောင် ဓာတ်ပုံတွေပြန်ကြည့်လိုက်ရုံနဲ့ “အော် ဒါငါငယ်ငယ်တုန်းကပါလား” စသဖြင့်ပြန်သိနိုင်တယ်ပေါ့။ ဒါတင်မကသေးဘဲ သူငယ်ချင်းတွေကို အကြောင်းအရာတစ်ခုခုပြောပြချင်တယ်ဆိုလည်း ဓာတ်ပုံ ပြပြီးပြောပြတာက ဒီအတိုင်းရိုးရိုးပြောတာထက် ပိုထိရောက်ပါတယ်။ ကိုယ်မမှီလိုက်တဲ့ သမိုင်းကြောင်းတွေကိုလည်း ဓာတ်ပုံတွေကြည့်ပြီး ပြန်လေ့လာနိုင်ပါတယ် 2. ဓာတ်ပုံရိုက်ခြင်းကလည်း အနု...