သင့် အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ Personal Development Planning(PDP) က ဘာလို့အရေးကြီးတာလဲ?
အားလုံးပဲမင်္ဂလာပါ..✨ Personal Development Planning က ဘာလို့အရေးကြီးလဲဆိုတာ မပြောခင် Personal Development Planning အကြောင်း ကို မျှဝေပေးပါ့မယ်။ 🔸Personal Development Planning ဆိုတာဘာလဲ? Personal Development Planning ဆိုတာ သင့်ရဲ့ အရည်အသွေး၊ သင့်ရဲ့ တန်ဖိုး၊ သင့်ရဲ့ အိပ်မက်ပန်းတိုင် တွေကို အမြင့်ဆုံးရောက်အောင် တွန်းတင်ပေးမယ့် action plan တစ်ခုကို ဖန်းတီးခြင်းဖြစ်ပါတယ်။📝 Personal Development Planning(PDP) ကို Individual Development Planning(IDP) သို့မဟုတ် Personal Enterprise Planning လို့ လည်း ခေါ်ကြပါတယ်။ Personal Developing ဖြစ်ဖို့ သတိထားလုပ်ဆောင်ရမဲ့ အဆင့် (၄ ) ဆင့် ရှိပါတယ်။ ✅ရုပ်ပိုင်းဆိုင်ရာတိုးတက်မှု ( Physical Growth) ✅စိတ်ပိုင်းဆိုင်ရာတိုးတက်မှု ( Emotional Growth ) ✅လူမှုရေးတိုးတက်မှု ( Social Growth ) ✅အသိပညာတိုးတက်မှု ( Intellectual Growth ) တို့ ဖြစ်ပါတယ် အဲ့ဒီတော့ Personal Development Planning ဆိုတာ အထက်ပါတိုးတက်မှုတွေအတွက်အထောက်အကူဖြစ်စေ မယ့် အလေ့အကျင့်ကောင်းတွေကို စနစ်တကျ အစီအစဉ်ရေးဆွဲခြင်းပဲ ဖြစ်ပါတယ်။ 🔸PDP က ဘာလို့အရေးကြီးလဲ ဆိုတဲ့ မေးခွ...